ဘဝတစ်ခုလုံး သေဆုံးဖို့အတွက် စကားတစ်ခွန်းမှားဖို့ပဲ လိုတယ်(သို့မဟုတ်)စီရော်နယ်ဒိုပုံပြင်

0
2944

The Jackal ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ Jackal နေရာကနေ သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် ဘရုစ်ဝီလီက ဇာတ်လမ်းတစ်ခုလုံးမှာ စကားတစ်ခွန်းပဲ မှားခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီစကားတစ်ခွန်းအမှားက သူ့ကို ခြောက်ပေအနက် မြေထုထဲဆီ ရောက်သွားစေတော့တာပါပဲ။ စီရော်နယ်ဒိုဟာ အရမ်းကို ခမ်းနားကြီးကျယ်တဲ့ သမိုင်းပုံရိပ်ကို တည်ထောင်နိုင်ခဲ့ပါတယ်။ သူ့ဘ၀မှာ အကြီးမားဆုံးအမှားက ပီယာ့စ်မော်ဂန်နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့တဲ့ စကားလုံးပါပဲ။ အဲ့ဒီစကားလုံးတွေကပဲ သူ့ဘဝကို ပြောင်းပြန်လှန်ပစ်လိုက်ပါတယ်။

ကစားသမားတစ်ယောက်အနေနဲ့ ဒီလိုအသက်အရွယ်မှာ အသင်းငယ်တစ်သင်းဆီ ပြောင်းရွှေ့ကစားတယ်ဆိုတာက သိပ်မထူးဆန်းလှပါဘူး။ ဒါပေမဲ့ စီရော်နယ်ဒိုရဲ့အနေအထား၊ စီရော်နယ်ဒိုရဲ့ပုံရိပ်နဲ့ဆိုရင် ဥရောပရဲ့အလယ်အလတ်အသင်းတွေထဲမှာ သူ့ကို ခေါ်ယူလိုတဲ့အသင်းတွေ အများအပြား ရှိနေဆဲပါပဲ။

ဒါပေမဲ့ အဲ့ဒီအခွင့်အရေးအားလုံးကို စီရော်နယ်ဒို စွန့်လွှတ်လိုက်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့တဲ့ စကားတွေကြောင့်ပါပဲ။ ဒါပါပဲ။ တစ်ခါတလေမှာ ဘဝတစ်ခု သေဆုံးသွားဖို့အတွက် အများကြီး မလိုပါဘူး။ စကားတစ်ခွန်းလောက် မှားလိုက်ဖို့ပဲ လိုပါတယ်။ အဲ့ဒီစကားက သူ့ဘဝကို တစ်စစီ ဆုတ်ဖြဲပစ်လိုက်တော့တာပါပဲ။