ဘရာဇီးလ်တွင် လက်ဝဲခေါင်းဆောင် သမ္မတလောင်းက လက်ယာဝါဒီသမ္မတကို ရွေးကောက်ပွဲနိုင်သွား

0
3558

လက်ယာဝါဒီဖြစ်သော ဘရာဇီးလ်ခေါင်းဆောင် ဂျာရာဘော်ဆိုနာရိုကို လက်ဝဲခေါင်းဆောင် သမ္မတဟောင်း လူလာဒါဆေးဗားက အဆုံးအဖြတ်ရွေးကောက်ပွဲ အကျော့တွင် ကပ်နိုင်သွားပြီး သမ္မတသစ် ဖြစ်လာပေမည်။

လူလာသည် ခိုင်လုံမဲအားလုံး၏ ၅၀ ဒသမ ၈ ရာခိုင်နူန်း ရရှိသွားပြီး ဘော်ဆိုနာရို က အနည်းဆုံး ၄၉ ဒသမ ၂ ရာခိုင်နူန်း ရရှိသွားခဲ့သည်။

လူလာသည် ၂၀၀၃ ခုနှစ်မှ ၂၀၁၀ အထိ သမ္မတဖြစ်ခဲ့ဖူးပြီး အကျင့်ပျက်ခြစားမှုဆိုင်ရာ အရှုပ်အထွေးများကြားမှ နိုင်ငံရေးအရ ပြန်လည်ခေါင်းထောင်လာခြင်း ဖြစ်သည်။

သမ္မတဘော်ဆိုနာရို ကို ဝေဖန်သူများက ကိုဗစ်ကပ်ရောဂါဘေးကို ကိုင်တွယ်ပုံ မကောင်းဟူ၍ လည်းကောင်း၊ အမေဇုန် တောကို သစ်တောပြုန်းတီးနေခြင်းအား မကိုင်တွယ်နိုင်ခဲ့ဟူ၍ လည်းကောင်း ပြစ်တင်ထားကြသည်။

ပြိုင်ဘက်နှစ်ဦးသည် လုံးလုံးဆန့်ကျင်နေသူများဖြစ်ကြကာ လူလာဒါဆေးဗား သည် လက်ဝဲ နိုင်ငံရေးသမားဖြစ်ကာ အလုပ်သမားသမဂ္ဂခေါင်းဆောင်ဖြစ်ပြီး ဘော်ဆိုနာရိုသည် လက်ယာဝါဒီ လူကြိုက်များသူ တစ်ဦးဖြစ်ကာ စစ်ဗိုလ်ဟောင်းတစ်ဦး ဖြစ်သည်။

နိုင်ငံရေး တင်းမာမှုများက မြင့်တက်လျက်ရှိပြီး ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခြင်းကို စွပ်စွဲမှုများ၊ သတင်းမှား ပြုလုပ်မှုများ နှစ်ဖက်လုံးတွင် ရှိနေသည်။

အမေရိကန်သမ္မတ၊ ပြင်သစ်သမ္မတ နှင့် ကနေဒါဝန်ကြီးချုပ်တို့က ရွေးကောက်ခံသမ္မတ ဒါဆေးဗား အတွက် ဂုဏ်ယူကြောင်း အသီးသီး ထုတ်ပြန်ခဲ့ကြသည်။