ပုလောတွင် ပျူစောထီးအဖွဲ့ကို PDF တိုက်ခိုက်

0
181

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာတွင် ပျူစောထီးအဖွဲ့ကို ပုလော PDF ပူးပေါင်းအဖွဲ့က ယနေ့ တိုက်ခိုက်ကြောင်း ပုလောဒေသခံများက ပြောသည်။

ယနေ့ (ဇန်နဝါရီ ၄) နံနံက် ၅ နာရီခွဲခန့်က ပုလော PDF ပူးပေါင်းအဖွဲ့က ကဒဲကျေးရွာရှိ ပျူစောထီးအဖွဲ့ကို လာရောက် ပစ်ခတ်တိုက်ခိုက်ပြီး အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွင် နှစ်ဖက်အကျအဆုံးရှိသည်ဟု ကြားသိရကြောင်း ဒေသခံများက ပြောသည်။

“ပျူစောထီးဖက်က တစ်ယောက်သေပြီး တစ်ယောက်ဒဏ်ရာရတယ်။ PDF ဖက်ကလည်း တစ်ယောက် ကျသွားတယ်လို့တော့ ကြားရတယ်” ဟု ပဝတ်ကုန်းရွာသားတစ်ဦးက ပြောသည်။ ပဝတ်ကုန်းရွာနှင့် ကဒဲရွာတို့မှာ ရွာနီးစပ်ဖြစ်သည်။

လက်ရှိအချိန်တွင်တော့ ကဒဲရွာနှင့် ပဝတ်ကုန်းရွာတွင် နေထိုင်သည့် ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေကြကြောင်း ဒေသခံများက ပြောသည်။

ပုလောမြို့နယ်၊ ကဒဲ၊ ပဝတ်ကုန်း၊ ကျောင်းနိမ့်၊ ဂျစ်ဂါ စသည့် ရွာများတွင် ပုလော PDF နှင့် စစ်ကောင်စီ တပ်များ၊ ပျူစောထီးအဖွဲ့တို့ မကြာခဏ ထိတွေ့ပစ်ခတ်မှုများ ဖြစ်လေ့ရှိသည်။