ပုလောမြို့နယ် ပိန္နဲတောင်ရွာအနီး နှစ်ဘက်ပစ်ခတ်မှု

0
489

KNU တပ်မဟာ ၄ တပ်ရင်း ၇ တပ်ခွဲ ၂ ထိန်းချုပ်ဒေသ ပုလောမြို့နယ် ပိန္နဲတောင်ရွာအနီး ယနေနံနက်ပိုင်းက နှစ်ဘက်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ ပုလောမြို့ အရှေ့ဘက် ခြောက်မိုင်ခန့်အကွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နံနက် ၈ နာရီကျော်တွင် စစ်တပ်ဘက်က ပြန်ဆုတ်သွားပြီးနောက် ၁၀ နာရီခန့်တွင် နောက်တစ်ကြိမ်ပြန်တက်လာပြီး ပစ်ခတ်မှု ထပ်မံဖြစ်ပွားနေကြောင်း ဒေသခံအချို့ထံကနေ သိရပါတယ်။