ကော့သောင်းတွင် လူဆယ်ဦး အဖမ်းခံရ

0
171

ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက်နှင့်‌ ရွှေပြည်သာရပ်ကွက်တို့တွင်နေထိုင်သူဆယ်ဦး မတ်လ ၂၃ ရက် နံနက်ပိုင်းက အဖမ်းခံရကြောင်း မြို့ခံအချို့ကပြောသည်။

အသင့်ပြုလုပ်ထားသည့် ဂက်စ်သေနတ်၊ မီးရှို့ပစ်ခတ်နိုင်သည့်ဓာတ်ဆီပုလင်း၊ လေးခွအစရှိသည့်ပစ္စည်းများပြုလုပ်နေကြောင်း သတင်းပေးတိုင်ကြားသူရှိသဖြင့် အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း အေးရိပ်ငြိမ်ရပ်ကွက် ပေါ်ဦးလမ်းနေ မြို့ခံတစ်ဦးကဆိုသည်။

လက်ရှိတွင် ‌ကော့သောင်းမြို့ရဲစခန်းတွင် ဖမ်းဆီးထားပြီး ယနေ့‌ည‌နေသုံးနာရီအချိန်ဆက်သွယ်မေးမြန်းချက်အရ အဖမ်းခံရသူများကို ဥပဒေကြောင်းအရ လိုက်ပါကူညီသူ မရှိသေးကြောင်း မြို့ခံတစ်ဦးကဆိုသည်။

ဖော်ပြပုံမှာ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသောပုံဖြစ်သည်။