လာမထုတ်သည့် ကိုယ်ဝန်ဆောင်ထောက်ပံ့ကြေးများကို ပြန်သိမ်းမည်

0
178
Dawei Watch, Dawei News, Dawei News Media

လာမထုတ်သည့် ကိုယ်ဝန်ဆောင် ထောက်ပံ့ငွေများကို နိုင်ငံတော်ဘဏ္ဍာအဖြစ် ပြန်လည်သိမ်းဆည်းတော့မည်ဖြစ်ကြောင်း မြန်မာ့လူမှုကာကွယ်စောင့် ရှောက်ရေးအဖွဲ့က ဒီဇင်ဘာလ ၃ ရက်က သတင်းထုတ်ပြန်လိုက်သည်။

တနင်္သာရီတိုင်းတွင် ထောက်ပံ့ကြေးလာမထုတ်သည့် ကိုယ်ဝန်ဆောင် ၆၀ဝ ကျော် (၆၄၉ ဦး) ကျန်နေသေးသည်။

၎င်းတို့မှာ ထားဝယ်မြို့နယ်တွင် ၇၈ ဦး၊ လောင်းလုံး ၉၃ ဦး၊ ရေဖြူ ၃၄ ဦး၊ သရက်ချောင်း ၇၈ ဦး၊ မြိတ် ၅၁ ဦး၊ ပုလော ၅၀ ဦး၊ ကျွန်းစု ၃၃ ဦး၊ တနင်္သာရီ ၁၀၅ ဦး၊ ကော့သောင်း ၉၉ ဦး၊ ဘုတ်ပြင်း ၂၈ ဦး စုစုပေါင်း ၆၄၉ ဦးအတွက် ငွေကျပ် သိန်းနှစ်ရာနီးပါး လာမထုတ်ဘဲ ကျန်နေသေးခြင်းဖြစ် သည်။

၎င်းတို့အား Wave Money ကဲ့သို့ သော မိုဘိုင်ငွေကြေးဝန်ဆောင်မှုစနစ်မှ နှစ်ကြိမ်လွှဲပေးခဲ့သော်လည်း ဖုန်းနံပါတ် ပြောင်းသွားသူများရှိသဖြင့် လာရောက် ထုတ်ယူခြင်းမရှိကြောင်း လူမှုဝန်ထမ်း ဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးမောင်မောင်က ပြောသည်။

ယင်းထောက်ပံ့ကြေးမရသူများအား လူမှုဝန်ထမ်းရုံးမှတစ်ဆင့် အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးရန် စီစဉ်ခဲ့သေးသည်။ သို့သော် ကိုဗစ်စည်း ကမ်းသတ်မှတ်ချက်များကြောင့် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးသည့် အစီအစဉ်ကို ရုပ်သိမ်းလိုက်ကြောင်း မြန်မာ့ လူမှုကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုင်းအတွင်း ကိုဗစ်ထောက်ပံ့ကြေးရသည့် ကိုယ်ဝန်ဆောင် တစ်သောင်းကျော်(၁၁၂၅၇ ဦး) ရှိပြီး ယင်းတို့အနက် ၆၄၉ ဦးမှာ ထောက်ပံ့ကြေးလာမထုတ်သေးခြင်းဖြစ်သည်။

ကျော်သူစိုး