ကျောင်းများ ပြန်ဖွင့်၊ မဖွင့် မသိရသေး

0
150
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်-၁၉ ကမ္ဘာကပ်ရောဂါကြောင့် ပိတ်ထားရသည့် အခြေခံပညာကျောင်းများ ပြန်ဖွင့်မည့် ကိစ္စမှာ ကိုဗစ်ဗဟိုကော်မတီက ဆုံးဖြတ်မည်သာဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဖြူဝင်းက ပြောသည်။

အခြေခံပညာကျောင်းများ ပြန်ဖွင့်/မဖွင့် ဆိုသည့်ကိစ္စနှင့် ပက်သက်၍ အခြေခံပညာဦးစီး ဌာနမှ ညွှန်ကြားချက် တစ်စုံတစ်ရာမရှိသေးဟု ဦးဖြူဝင်းက ပြောသည်။

“ရောဂါအခြေအနေကလည်း ထိန်းချုပ်နိုင်ပြီ၊ ဆေးရုံမှာလည်း တက်ရောက်ကုသနေတဲ့ လူနာမရှိတော့ဘူးဆိုရင်တော့ ဖွင့်လို့ရမှာပေါ့။ ဒါကလည်း ကိုဗစ်ဗဟိုကော်မတီကပဲ ဆုံးဖြတ်ချက်ပဲ တို့မျှော်လင့်တာက ဖွင့်ဖို့မျှော်လင့်တာပေါ့” ဟု ၎င်းက ဆိုသည်။

လက်ရှိမြေပြင်တွင် ဒီဇင်ဘာလ၌ ကျောင်းများ ပြန်ဖွင့်မည်ဆိုသည့် ကောလာဟလသတင်းများ ထွက်ပေါ်နေပြီး စာမေးပွဲရှိသည်ဟုလည်း ကျောင်းသားနှင့် မိဘများအကြား ပြောဆိုမှုများလည်း ရှိနေသည်။