အခြေခံဆရာ၊ ဆရာမများ လစာ တိုးမည်

0
621

ပြောင်းလဲလိုက်သည့် အခြေခံပညာ သင်ကြားရေးဝန်ထမ်းဖွဲ့စည်းပုံအရ ဆရာ၊ ဆရာမများအား လစာ တိုးချီးမြှင့်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။

ကနဦးတွင် လုပ်သက် ၁၀ နှစ်နှင့်အထက် မူလတန်းကျောင်းအုပ်များအား အထက်တန်းပြလစာသို့ တိုးပေးမည်ဖြစ် ပြီး နိုဝင်ဘာလကုန်မှစပြီး လစာအသစ် ကို ခံစားကြရမည်ဖြစ်သည်။

ရွေးကောက်ပွဲတာဝန်ထမ်းဆောင် ခဲ့သည့် ပညာရေးဝန်ထမ်းများကို ဂုဏ်ပြု မှတ်တမ်းပေးမည်

တိုင်းအတွင်း လစာတိုးမြင့်ခံစားရ မည့် လုပ်သက် ၁၀ နှစ်နှင့်အထက် မူလတန်းကျောင်းအုပ် ဆရာ၊ ဆရာ ငါးရာကျော် (၅၄၀ ဦး)ရှိကြောင်း အထက်ပါရုံးမှ လက်ထောက်ညွန်ကြား ရေးမှူးတစ်ဦးက ပြောသည်။

ယင်းအပြင် အခြားအတန်းများတွင် သင်ကြားနေ အလုပ်သက် ၁၀ နှစ် အထက်၊ ခုနစ်နှစ်အထက် ဆရာ၊ ဆရာမများ စသည်ဖြင့် လုပ်သက်အစဉ်လိုက် ဆရာ၊ ဆရာမများ စာရင်းကို လည်း ကောက်ယူလျက်ရှိပြီး အသုတ်လိုက် လစာတိုးပေး နိုင်ချေရှေိကြောင်း တိုင်းပညာရေးမှူး ဦးဖြူဝင်းက ပြောသည်။

“လုပ်သက်များတဲ့သူကို ဦးစားပေးတယ်။ နောက် လုပ်သက်နည်းတဲ့သူ တဖြည်းဖြည်းတော့လာမယ်။ အကုန် လုံးတော့ပါသွားမှာ” ဟု ဦးဖြူဝင်းက ဆိုသည်။

ယင်းကဲ့သို့ လုပ်သက်အပေါ်မူ တည်ပြီး လစာတိုးခြင်းကြောင့် ဆရာ၊ ဆရာများအကြား ဝေဖန်မှုလည်းရှိနေကြောင်း လောင်းလုံးမြို့နယ်မှ မူလတန်း ပြတစ်ဦးက ပြောသည်။

“ဆရာ၊ ဆရာမတွေရဲ့ အသံ၊ သဘောထားတွေ၊ ဆရာများ သမဂ္ဂတွေရဲ့ သဘေားထားတွေ၊ ပညာရှင်တွေနဲ့ သေချာဆွေးနွေးပြီးမှ လုပ်သင့်တယ်” ဟု ၎င်းက ဆိုသည်။

ကျော်သူစိုး