လောင်းကစားမှုဖြင့် တရားစွဲခံရသည့် KTV ပိုင်ရှင်အမှု နောက်လဆန်းတွင် အမိန့်ချမည်

0
1174

လောင်းကစားမှုဖြင့် တရားစွဲခံရသည့် KTV ပိုင်ရှင်အမှု နောက်လထားဝယ်မြို့တွင် လူထုစိတ်ဝင် စားမှုများနေသော KTV ပိုင်ရှင်တစ်ဦး ပါဝင်သည့် လောင်းကစားအမှုကို လာမည့် လဆန်းပိုင်းတွင် အမိန့်ချတော့မည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် တရားရုံးထံမှ သိရသည်။

အဆိုပါအမှုတွင်KTV ပိုင်ရှင်အပါ အဝင် စုစုပေါင်း ၁၅ ဦးကို လောင်းကစား ဥပဒေပုဒ်မ ၁၆(က)နှင့် ၁၇ (က)တို့ဖြင့် ရဲတပ်ဖွဲ့က တရားစွဲဆိုထားခြင်းဖြစ်သည်။

လက်ရှိအဆိုပါအမှုတွင် ရုံးချိန်း ပေါင်း ၄၄ ကြိမ်စစ်ဆေးထားပြီး တရားလိုပြ သက်သေ ၁၈ ဦးနှင့် တရားခံပြသက် သေ ၄၀ ဦးကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ထားဝယ်မြို့နယ်တရားရုံး၏ သတင်း ပြန်ကြားရေးအရာရှိဖြစ်သူ တရားသူ ကြီးဒေါ်မြင့်မြင့်စန်းက ဆိုသည်။

အဆိုပါအမှုကို စက်တင်ဘာလ ၂ ရက်နေ့တွင် အမိန့်ချရန် ချိန်းဆိုထားကြောင်း ၎င်းက ပြောသည်။

“အပြီးသတ်အမိန့်ချမှတ်ရန် ချိန်းဆို ထားပါတယ်” ဟု ၎င်းက ဆိုသည်။

အမှုဖြစ်စဉ်မှာ ယမန်နှစ် ဇွန်လက ထားဝယ်မြို့ရှိ အသက် ၄၅ နှစ်အရွယ် KTV ပိုင်ရှင်၏ နေအိမ်ကို ဝင်ရောက် ရှာဖွေရာ လောင်းကစားပစ္စည်းများ၊ လောင်းကြေးငွေကျပ် ၆၅ သိန်းကျော်နှင့် ထိုင်းဘတ်ငွေတစ်ထောင်ကျော်ကို ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

လောင်းကစားဥပဒေပုဒ်မ ၁၆(က) (လောင်းကစားခြင်း) မှာ အနည်းဆုံး ထောင်ဒဏ် ခြောက်လမှ အများဆုံးတစ် နှစ်အထိ ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်ငါးသောင်းမှ အများဆုံးကျပ် တစ်သိန်းအထိ ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ဥပဒေပုဒ်မ ၁၇(က)(လောင်းကစား အိမ်ဖွင့်လှစ်ခြင်း)မှာ အနည်းဆုံးထောင်ဒဏ် တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ချမှတ်ရမည့်အပြင် အနည်းဆုံးငွေဒဏ် ကျပ်တစ်သိန်းမှ အများဆုံး ကျပ်ငါးသိန်းကျပ်အထိ ချမှတ်ခံရမည်ဖြစ်သည်။

ယင်းအမှုနှင့် ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင်လည်း မေးမြန်းပြော ဆိုမှုများရှိပြီး စိတ်ဝင်စားမှုများနေခဲ့သည်။