၁၄ နှစ်အရွယ် မိန်းကလေးအား မုဒိမ်းကျင့်သူကို အလုပ်နှင့် ထောင်ဒဏ် ၂၇ နှစ် အမိန့်ချ

0
1532

ထားဝယ်မြို့တွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား မုဒိမ်းကျင့်ခဲ့သည့် အသက် ၅၄ နှစ်အရွယ်ရှိ အမျိုးသားကို အလုပ်နှင့် ထောင်ဒဏ် ၂၇ နှစ်ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း ထားဝယ်ခရိုင်တရားရုံးထံမှ သိရသည်။


ယမန်နှစ် ဇူလိုင်လတွင် မုဒိမ်းမှု၊ လူခိုးမှုဖြင့် စတင်တရားစွဲဆိုခဲ့သည့် ယင်းအမှုတွင် တရားခံဖြစ်သူ ဦးထွန်းမင်းကို ယခုနှစ် မေလ ၁၅ ရက်နေ့က အမိန့်ချလိုက်ခြင်းဖြစ်သည်။


ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်တွင် ဇွန်လ ၁၅ ရက်က အသက် ၁၄ နှစ်အရွယ်ရှိ မိန်းကလေးကို အထက်ပါအမျိုးသားက မိန်းကလေးငယ်နေထိုင်သည့် အိမ်အောက်တွင် မုဒိမ်းကျင့်ခဲ့သည့်အမှု ဖြစ်သည်။


အဆိုပါအမျိုးသားကို ရာဇသတ်ကြီးပုဒ်မ- ၃၇၆ (မုဒိမ်းမှု) ပထမအပိုဒ်အရ ထောင်ဒဏ် ၂၀ နှစ်၊ ရာဇသတ်ကြီးပုဒ်မ ၃၆၃ (လူခိုးမှု)ဖြင့် ထောင်ဒဏ် ၇ နှစ်ကျခံစေရန် အမိန့်ချခဲ့ကြောင်း ခရိုင်တရားသူကြီးဒေါ်မေသက်ဦးက ဆိုသည်။


“အမှုစစ်ဆေးပေါ်ပေါက်တဲ့ချက်အရ ပြစ်ဒဏ်ချမှတ်လိုက်တာပါ” ဟု တရားသူကြီး ဒေါ်မေသက်ဦးက ပြောသည်။


အဆိုပါ ပြစ်ဒဏ်များကို တစ်ခုပြီးမှ တစ်ခုကျခံစေရန် အမိန့်ချခဲ့ကြောင်း ၎င်းက ဆိုသည်။
အထက်ပါအမှုတွင် တရားရုံးချိန်း ၃၀ ကြိမ် ၊ တရားလိုပြသက်သေ ၁၃ ဦးနှင့် တရားခံပြသက်သေ (တရားခံအပါ အဝင်) ၆ ဦးကိုစစ်ဆေးပြီး ယင်းကဲ့သို့ အမိန့်ချလိုက်ခြင်းဖြစ်ကြောင်း အထက်ပါတရားရုံးထံမှ သိရသည်။


မုဒိမ်းကျင့်ခဲ့သည့်ဖြစ်စဉ်မှာ အသက် ၆၂ နှစ်အရွယ်ရှိ အုပ်ထိန်းသူအမျိုးသမီးကြီးက နံနက် ၅ နာရီခွဲဝန်းကျင်တွင် နေအိမ်အပေါ်ထပ်တွင် မုန့်လုပ်နေစဉ် အထက်ပါမိန်းကလေး ငယ်က အိမ်အောက်တွင် အုန်းသီးခွဲနေကြောင်း ရဲမှတ်တမ်းတွင်ဖော်ပြချက်အရ သိရသည်။


ထိုစဉြ အုပထြိနြးသူအမွိုးသမီးကှီးက အဆိုပါမိနြးကလေးကိုလှမြးခေါရြာ ပှနမြထူးသဖှင့ြ နအေိမအြောကသြို့ဆငြးကှည့ရြာ မိနြးကလးငယြ၏အနီးတှငြ ငှကပွေနြှဈထောငကြို တှေ့ရကှောငြး ရဲမှတတြမြးတှငဖြောပြှသညြ။


ငွေနှစ်ထောင်ကျပ်တွေ့ရှိခြင်းနှင့် ပတ်သက်၍ အဆိုပါမိန်းကလေးငယ်ကို မေးမြန်းရာ အထက်ပါအမျိုးသားက ပေးခဲ့သည်ဟုပြောကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။


အထက်ပါအမျိုးသားက ငွေနှစ်ထောင်ကျပ်ပေးရသည့် အကြောင်းအရင်းကို အုပ်ထိန်းသူက မိန်းကလေးငယ်အားမေးမြန်းရာ ၎င်းအုန်းသီးခွဲနေစဉ် အဆိုပါအမျိုးသားက ရောက်လာကာ ပါးစပ်ကိုပိတ်ကာ မုဒိမ်းကျင့်ခဲ့ပြီး ငွေနှစ်ထောင်ကျပ် ပေးခဲ့သည်ဟု ပြောဆိုကြောင်း ရဲမှတ်တမ်းအရ သိရသည်။


ပြီးခဲ့သည့် မေလအတွင်းကလည်း အခင်းဖြစ်သည့်နေအိမ်အရှေ့ရှိ အဆိုပါအမျိုးသားပိုင် ကားဂိုဒေါင်အတွင်း နှစ်ကြိမ်မုဒိမ်းကျင့်ခဲ့ဖူးသည်ဟု မိန်းကလေးကို အကြိမ်ကြိမ်မေးမြန်းချိန်တွင်လည်း အထက်ပါအတိုင်းသာပြောကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။


မုဒိမ်းပြုကျင့်ခံရသည်ဆိုသည့် မိန်းကလေးအိမ်နှင့် ကျူးလွန်ခဲ့သည်ဆိုသည့် အမျိုးသား၏ကားဂိုဒေါင်က မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။


တရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်ခြင်းနှင့် ပတ်သက်၍ ကျေနပ်မှုမရှိပါက ရက်ပေါင်း ၆၀ အတွင်း တိုင်းဒေသကြီးတရားလွှတ်တော်ထံ အယူခံတက်ရောက်နိုင်ကြောင်း ခရိုင်တရားရုံးထံမှ သိရသည်။