ကင်ဆာရောဂါသည် ကိုဗစ်လူနာ သေဆုံး

0
298

ကိုရိုနာရောဂါပိုး ကူးစက်ခံထားရသော ကင်ဆာရောဂါသည် လူနာမှာ ယနေ့ နံနက်ပိုင်းက ဆုံးပါးသွားပြီဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောကြားသည်။

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန်မြို့နယ်နေ အသက် ၆၉ နှစ်အရွယ်ရှိ အမျိုးသားမှာ မြန်မာနိုင်ငံတွင် ကိုရိုနာရောဂါပိုးကူးစက်ခံထားရကြောင်း တွေ့ရှိသည့် ငါးဦးမြောက် လူနာဖြစ်သည်။

ယင်းမှာ ကိုဗစ်ရောဂါဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံးသေဆုံးသည့် လူနာဖြစ်သည်။

ဩစတေးလျနိုင်ငံတွင် ကင်ဆာရောဂါ သွားရောက်ကုသပြီး အပြန် စင်ကာပူသို့ ခဏဝင်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအရောက်တွင် ကိုရိုနာရောဂါပိုး ကူးစက်ခံထားရကြောင်း တွေ့ရှိရခြင်းဖြစ်သည်။

ထိုအမျိုးသားနှင့် အနီးကပ်တွေ့ထိဆက်ဆံခဲ့သူတွင်လည်း ကိုရိုနာရောဂါပိုးတွေ့ရသဖြင့် ဆေးရုံသို့ တင်ပို့ထားရသည်။