လောင်းလုံးက ရပ်ကွက်၊ ကျေးရွာသုံးဆယ်နီးပါး လျှပ်စစ်မီး ယာယီပြတ်မည်

0
581

လောင်းလုံးမြို့နယ်ရှိ ရပ်ကွက် လေးရပ်ကွက်နှင့်၊ ကျေးရွာ ၂၅ ရွာသည် မတ်လ ၂၈ ရက်မှ ဧပြီလ ၉ ရက်အထိ ၁၃ ရက် လျှပ်စစ်မီး ယာယီပြတ်တောက် မည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးထံမှ သိရသည်။

ဖြတ်တောက်ထားမည့်အချိန်မှာ နံနက်ကိုးနာရီမှ မွန်းလွဲ သုံးနာရီအထိ ဖြစ် ကြောင်း အထက်ပါရုံး မြို့နယ်လျှပ်စစ်မှူး ဦးအောင်ကျော်ဆန်းက ပြောသည်။

လောင်းလုံးမြို့ ဓာတ်အားခွဲရုံမှ ဇလွတ်ကျေးရွာ ဓာတ်အားခွဲရုံသို့ ၃၃ ကေဗွီ ဓာတ်အားလိုင်း သွယ်တန်းသည့် လုပ်ငန်းဆောင်ရွက်ရာတွင် ကျေးရွာ အချို့၌ လက်ရှိလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးထားသော ၁၁ ကေဗွီဓာတ်အား လိုင်းနှင့် မလွတ် ကင်းသဖြင့် လျှပ်စစ်မီး ယာယီ ဖြတ်တောက်ထားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လျှပ်စစ်မီး ယာယီဖြတ်တောက်ထားမည့် ကျေးရွာများစာရင်း