တနင်္သာရီတိုင်းမဂ္ဂဇင်း ထုတ်ဝေ

0
3350

၂၀၂၀ ပြည့်နှစ် တနင်္သာရီတိုင်း ဒေသကြီး မဂ္ဂဇင်းကို စတင်ထုတ်ဝေပြီ ဖြစ်ကြောင်း မဂ္ဂဇင်းဖြစ်မြောက်ရေး ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်မင်း (လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအား အရင်းအမြစ်ဝန်ကြီး)က ပြောသည်။

မဂ္ဂဇင်းတွင် တိုင်းအစိုးရအဖွဲ့ လှုပ်ရှားမှု ပုံရိပ်များ၊ ကဗျာ၊ ကာတွန်း၊ ဝတ္ထုကဏ္ဍများနှင့် သုတ၊ ရသ၊ အတွေး အမြင်ဆောင်းပါးများ ပါဝင်သည်။

လက်ရှိတွင် ဌာနဆိုင်ရာများသို့ ဖြန့်ချိရောင်းချနေပြီး ပြည်သူများ အလွယ် တကူ ဝယ်ယူနိုင်ရန် မြိတ်နှင့် ထားဝယ်ရှိ စာအုပ်ဆိုင်များနှင့် ချိတ်ဆက်ကာ တစ်အုပ် ၅၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးသွားနိုင် ရန် စီစဉ်နေကြောင်း ဦးကျော်မင်းက ပြောသည်။

ယခုမဂ္ဂဇင်းသည် လက်ရှိ NLD အစိုးရလက်ထက်တွင် တိုင်းအစိုးရမှ ကမကထပြုထုတ်ဝေသည့် ပထမဆုံး မဂ္ဂဇင်း ဖြစ်သည်။

Dawei Watch