ထားဝယ်တွင် ဆိုင်ကယ်ဦးထုပ် ဆောင်းသည့် အလေ့ပြောင်းလာ

0
768

ယခင်က (ဆောက်လုပ်ရေးလုပ်ငန်း သုံး ဦးထုပ်နှင့်ဆင်တူသည့်) အရည် အသွေးညံ့ ဆိုင်ကယ်ဦးထုပ် အဆောင်းများသည့် ထားဝယ်တွင် ဆိုင်ကယ် ဦးထုပ်ဆောင်းသည့် အလေ့ပြောင်းလာ ကြောင်း ဆိုင်ကယ်အပိုပစ္စည်းအရောင်း ဆိုင်နှင့် ဆိုင်ကယ်စီးသူအချို့ထံမှ သိရ သည်။

ပြီးခဲ့သည့်နှစ်မှ စတင်ကာ ကြံ့ခိုင် မှု၊ လုံခြုံမှုရှိသော ဆိုင်ကယ်ဦးထုပ်များကို ရွေးချယ်ဆောင်း လာကြကြောင်း ၎င်းတို့က ပြောသည်။

(ဆောက်လုပ်ရေးလုပ်ငန်းသုံး ဦးထုပ်နှင့်ဆင်တူသည့်) အရည်အသွေးညံ့ ဆိုင်ကယ်ဦးထုပ် ဆောင်းခွင့်မပြုဟု ပြောဆိုမှုများ ရှိလာသည့်အချိန်မှစ၍ ပိုမို ကြံ့ခိုင်မှုရှိသည့် ဆိုင်ကယ်ဦးထုပ် များကို ရွေးချယ်ဝယ်ယူလာကြသည်ဟု ထားဝယ်မြို့ မြောင်းပုလဲရပ်၊ ကမြောကင်း လမ်းရှိ ဆိုင်ကယ်အပိုပစ္စည်းဆိုင်မှ ကိုဇေယျာနိုင်က ပြောသည်။

“တော်တော်များများက လူငယ်တွေ အဆောင်းများတယ်”ဟု ကိုဇေယျာနိုင်က ဆိုသည်။

ဆိုင်ကယ်မတော်တဆဖြစ်လျှင် ဦးခေါင်းတစ်ခုလုံးလုံသည့် ဦးထုပ်က ကာကွယ်မှု ပေးနိုင်သည့်အတွက် ယင်း ဦးထုပ်ကို ဆောင်းခြင်းဖြစ်ကြောင်း ထားဝယ်တက္ကသိုလ် တတိယနှစ်ကျောင်းသူ မစန္ဒီဖြိုးက ဆိုသည်။

“မော်တော်ပီကယ်(ယာဉ်ထိန်းရဲ)ဖမ်းမှာ ကြောက်လို့လည်း ပါတယ်”ဟု မစန္ဒီဖြိုးက ပြောသည်။

မိုးမြင့်