စပါးတောင် ထိုင်တော်မူရုပ်ပွားတော် ထားဝယ်မြို့မှ လှမ်းမြင်ရမည်

0
811

ထားဝယ်မြို့အရှေ့ဘက် စပါးတောင် ထိပ်ပေါ်တွင် တည်ထားကိုးကွယ်ရန်ရှိ သော ထိုင်တော်မူ ရုပ်ပွားတော် ပြီးစီး ပါက ထားဝယ်မြို့မှ လှမ်းမြင်ရမည်ဟု ရုပ်ပွားတော်တည်ဆောက်ရေးတွင် ဦး ဆောင်နေသည့် တောင်ပွားကျောင်းမှ သံဃာတော်တစ်ပါးက မိန့်ကြားသည်။

တည်ထားကိုးကွယ် အဘယမုနိ ရုပ်ပွားတော်၏ ဥာဏ်တော်မှာ ၅၄ ပေ ရှိပြီး ကြာပလ္လင်အမြင့် ၉ ပေ၊ ဂန္ဓကုဋီ တိုက်အမြင့် ၁၈ ပေ ရှိမည်ဖြစ်ကြောင်း အထက်ပါ သံဃာတော်က မိန့်သည်။

“မြို့ဘက်ကို မျက်နှာမူမယ်။ ထားဝယ် မြို့က မြင်ရမယ်။ လုပ်ငန်းပမာဏကြီး တော့ နှစ်နှစ်နဲ့ သုံးနှစ်ကြား အပြီးသတ်ဖို့ ရည်မှန်းတယ်” ဟု သံဃာတော်က မိန့်သည်။

ထိုင်တော်မူတည်ထားကိုးကွယ်မည့် နေရာတွင် ပန္နက်ရိုက်၊ အုတ်မြစ်ချ၊ ဌာပနာ သွင်း မင်္ဂလာအခမ်းအနားကို ဇန်နဝါရီလ ၉ ရက် (ပြာသိုလပြည့်နေ့) က ကျင်းပခဲ့သည်။

ရုပ်ပွားတော်ကို အများဒါယကာ ကောင်းမှုဖြင့် တည်ဆောက်မည်ဖြစ်သော ကြောင့် သဒ္ဓါထက်သန်သူများ ပါဝင်လှူဒါန်း နိုင်ကြောင်း အထက်ပါ သံဃာတော်က မိန့်ကြားသည်။

Dawei Watch