တနင်္သာရီမြစ်မှ မြိတ်သို့ ရေချိုပေးဝေမည့်စီမံကိန်း တနင်္သာရီမြို့ပါ ရေပေးဝေမည်

0
827

တနင်္သာရီမြစ်အတွင်းမှ ရေချိုအား ရယူပြီး မြိတ်မြို့သို့ ရေပေးဝေးမည့် စီမံကိန်းတွင် တနင်္သာရီမြို့အတွက်ပါ ရေပေးဝေရန် စီစဉ်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုထံမှ သိရသည်။

အဆိုပါ စီမံကိန်းကို မြိတ်အများပိုင်ကော်ပိုရေးရှင်းလီမိတက်နှင့် ထိုင်း နိုင်ငံရှိ Bright Blue Water Corporation Limitedတို့ ပူးပေါင်းလုပ်ဆောင်သည့် လုပ်ငန်းတစ်ခု ဖြစ်သည်။

လက်ရှိတွင် မြစ်ရေထုတ်ယူနိုင်မည့် နေရာ၊ ရေသန့်စင်ရုံထားရှိမည်နေရာများ၊ ပတ်ဝန်းကျင်အကျိုးသက်ရောက်မှု စသဖြင့် လိုအပ်သည့် အချက်အလက်များအတွက် စူးစမ်လေ့လာမှုများကို ပြုလုပ်နေပြီဖြစ်ကြောင်း မြိတ်အများပိုင်ကော်ပိုရေးရှင်း လီမိတက်မှ သိရသည်။

“တနင်္သာရီမြို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့လည်း တိုင်ပင်ထား ပြီးပါပြီ”ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက ပြောသည်။

စီမံကိန်းအကောင်အထည်ဖော်မည့်အချိန်တွင် တနင်္သာရီမြို့အတွက် ရေချိုများပေးဝေရေး လုပ်ငန်းများအတွက် တနင်္သာရီမြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်တို့နှင့် တိုင်ပင်ဆွေးနွေး ထားခြင်း ဖြစ်သည်။

စီမံကိန်းအတွက် တနင်္သာရီမြစ်ရေ ထုတ်ယူနိုင်မည့်နေရာအဖြစ် တနင်္သာရီ မြို့နယ် မော်တုံးရွာနှင့် မြိတ်မြို့နယ် တုံးဗျောကျေးရွာတို့အား ပဏာမရွေး ချယ်ထားပြီး ယင်းနေရာတို့မှ အင်္ဂမော်ကျေးရွာရှိ ရေသန့်စင်စက်ရုံမှတစ်ဆင့် မြိတ်သို့ ရေများပို့ဆောင်သွားမည်ဖြစ်ကြောင်း မြိတ်အများပိုင်မှ သိရသည်။

ကျွန်းမြို့ဖြစ်သည့် မြိတ်မြို့ရှိ မြေ အောက်ရေများအား အလွန်အကျွံထုတ် ယူသုံးစွဲမှုများကြောင့် နှစ်စဉ်နွေရာသီတွင်ရပ်ကွက်တချို့တွင် ရေရှားပါးသည့် ပြသာနာများ ကြုံတွေ့နေရသည်။

Dawei Watch