ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဖိုရမ်တက်သူများ ငါးလေလံဈေးကို စိတ်ဝင်စားပါက လိုက်ပြမည်ဟုဆို

0
776

မြိတ်မြို့ရှိ၊ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးအား တနင်္သာရီတိုင်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဖိုရမ်သို့ တက် ရောက် လာသူများအနေဖြင့် စိတ်ဝင်စား လျှင် လိုက်ပြပေးမည်ဖြစ်ကြောင်း တိုင်း အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဒေါ်ရီရီချိုက ပြောဆိုသည်။


တနင်္သာရီတိုင်းရင်းနှီးမြှုပ်နှံမှုမြှင့် တင်ရေးဖိုရမ်ကို လာမည့် ဒီဇင်ဘာလ ၇ ရက်နှင့် ၈ ရက်တွင် မြိတ်မြို့၌ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး ပြည်တွင်းပြည်ပ မှ ရင်းနှီးမြှုပ်နှံမည့် ပုဂ္ဂိုလ်များလည်း တက်ရောက်မည်ဖြစ်သည်။


“ငါးဈေးဆိုတာကတော့ သွားကြည့် လိုတဲ့ ဆန္ဒရှိတဲ့ လူတွေရှိရင်တော့ လိုက်ပို့ ပေးဖို့ရှိပါတယ်” ဟု ဝန်ကြီးက ပြောသည်။


ငါးလေလံဈေးအား စိတ်ဝင်စားမှ လိုက်ပြမည်ဟူသော ဝန်ကြီး၏ပြောကြား ချက်အပေါ်အားမရကြောင်း မြိတ်ဒေသခံ တချို့က ပြောသည်။


“အစိုးရအလုပ်ဆိုတာ နိုင်ငံခြားသား စိတ်ဝင်စားအောင်ချပြရမှာ။ စိတ်ဝင်စား မှ လိုက်ပြမယ်ဆိုကတည်းက ဒါကမှား နေတယ်ဟု မြိတ်ဒေသခံ ဦးထွန်းထွန်းဦး က ဆိုသည်။


မြိတ်မြို့၊ အင်းလေးမြိုင်စက်မှုဇုန် အတွင်းရှိ အပြည်ပြည်ဆိုင်ရာငါးလေလံ ဈေးသည် အမေရိကန်ဒေါ်လာ သန်း ၇၀ ရင်းနှီးမြှုပ်နှံခွင့်ကို ရရှိခဲ့ပြီး မြေပြင်တွင် အမေရိကန်ဒေါ်လာ ၁၀ သန်းဖြင့် ၂၀ဝ၁ ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့သည်။ ယင်း နောက် ၂၀ဝ၃ ခုနှစ်တွင် လုပ်ငန်းရပ်နားခဲ့ ရသည်။ ထိုနောက် ၂၀၁၆ ခုနှစ်တွင် လုပ်ငန်းပြန်လည်ပတ်ရေးပြန်လည်စိုင်း ပြင်းခဲ့သော်လည်း ပြင်သစ်နိုင်ငံမှ လွှဲပို့ မည့် အမေရိကန်ဒေါ်လာ သန်း ၂၀ လွှဲ ပြောင်းခွင့်ရရှိရေး အစိုးရ၏ ခွင့်ပြုချက် အပိုင်းကြန့်ကြာမှုများရှိနေသည်။

ကိုဆန်း