ထိန်းသိမ်းဧရိယာအတွင်း ငါးခိုးဖမ်းနေဆဲ

0
453

ဒေသခံများအားထိန်းသိမ်းခွင့်ပေး ထားသည့် ရေပြင်အတွင်း ငါးဖမ်းလှေ တချို့မှ ဝင်ရောက်ငါးခိုးဆွဲနေမှုများရှိနေဆဲဖြစ်ကြောင်း ဘုတ်ပြင်းမြို့နယ်၊ လငန်းကျေးရွာ ဒေသခံအစုအဖွဲ့ပိုင်ထိန်း သိမ်းရေး တာဝန်ခံဦးမြင့်လွင်က ပြော သည်။

ဘုတ်ပြင်းမြို့နယ်၊ လငန်းကျေးရွာ တွင် ရေပြင်ဧက ၁၁၀၀၀ ခန့်နှင့်ကျွန်းစု မြို့နယ် ဒုံးပုလဲအော်ကျေးရွာနှင့် ပရော ဝါးကျေးရွာတွင် ဧကနှစ်ထောင်ခန့်ကို ၂၀၁၇ ခုနှစ်မှစ၍ ငါးလုပ်ငန်းစီးဌာနမှ ဂေဟစနစ်များမပျက်စီးရန်နှင့် ငါးမျိုး စိတ်များ ပြန်လည်ပွားများလာရန် အတွက် ဒေသခံများအားအစုအဖွဲ့ပိုင်အဖြစ်ထိန်းသိမ်းခွင့်ပေးထားခြင်းဖြစ် သည်။

ထိန်းသိမ်းဧရိယာအဖြစ် သတ်မှတ် ပြီး ၂ နှစ်အကြာ ယခုနှစ်ငါးဖမ်းရာသီတွင် ငါးများယခင်ကထက် ပိုမိုများပြားလာပြီး ငါးဖမ်းလှေကြီးတချို့ညဉ့်နက် သန်းခေါင် အချိန်တွင် ဝင်ရောက်ခိုးဆွဲမှုများ မကြာ ခဏပြုလုပ် လာနေကြောင်း ဦးမြင့်လွင် က ပြောသည်။

“ရေတပ်ကတော့ ဒီထိန်းသိမ်းထား တဲ့ ၃ နေရာကို သူတို့တာဝန်ယူပါတယ် လို့ပြောတယ်။ ဒါပေမဲ့ခိုးဆွဲမှုကလည်း အဲဒီနေရာတွေမှာရှိနေသေးတယ်”ဟု ၎င်းက ပြောသည်။

ယင်းငါးဖမ်းလှေကြီးတချို့မှာ ရေအောက်ကြမ်းပြင်အထိ ဒရွတ်ဆွဲကြသဖြင့် ကြမ်းပြင်နှင့်သန္တာကျောက်တန်း များ ပျက်စီးမှုရှိနေသည်ဟု ဦးမြင့်လွင်က ပြောသည်။

ညအချိန်ကန့်သတ် ဧရိယာအတွင်း ဝင်ရောက်ခိုးဆွဲနေသည့်လှေကြီးများသည် VMS တပ်ဆင်ထားခြင်းမရှိသည့်လှေ များလော၊ VMS တပ်ထားသည့်လှေဖြစ် လျှင်လည်း မည်သည့်စနစ်များဖြင့် ရှောင် တိမ်းဝင်ရောက်ကာခိုးဖမ်းနေသနည်းဆို သည်ကို မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း လန်ပိကျေးရွာဒေသခံ ဦးခင်မောင်ထွေး ကဆိုသည်။

“ရေတပ်ကအရေးယူမှုကတော့ လုပ်တယ်။ ဒါပေမဲ့မိတဲ့အခါတွေက နည်း နေတယ် ဘာကြောင့်လဲ။ ညအမှောင်ကပဲ အားကောင်းလို့လား ဆိုတာကတော့ ကျွန်တော်တို့လည်းမသိဘူး ဖြစ်နေတယ်”ဟု၎င်းက ပြောသည်။

တနင်္သာရီတိုင်းအတွင်း ကမ်းဝေး ငါးဖမ်း၊ ငါးသယ်လှေ ၁၅၀၀ ကျော်ရှိရာ စောင့်ကြည့်ထိန်းချုပ် လေ့လာရေး စနစ်(VMS) ၂၃ ရာခိုင်နှုန်းသာ တပ်ဆင်သေးကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ နိုဝင်ဘာပထမအပတ်က တနင်္သာရီအပတ်စဉ်သို့ ပြောဆိုထား သည်။

ငါးဖမ်း ငါးသယ်လှေများအနေ ဖြင့်လည်း နိုဝင်ဘာလ ၃၀ ရက် နောက် ဆုံးထားကာ VMS စနစ်တပ်ဆင်ပြီး ကြောင်း စစ်ဆေးခံရမည်ဖြစ်ပြီး တပ်ဆင် ထားခြင်းမရှိပါက ငါးဖမ်းထွက်ခွင့်ပြုမည်မဟုတ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

ကိုဆန်း