အသက် ၂၅ နှစ်အောက် သုံးခရိုင် အမျိုးသမီးဘောလုံးပြိုင်ပွဲ ကျင်းပမည်

0
505

ထားဝယ်၊ နိုဝင်ဘာ ၉

တနင်္သာရီတိုင်း အစိုးရဖလား ၃ ခရိုင် အသက် ၂၅ နှစ်အောက်အမျိုးသမီး ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ ၁၆ ရက်မှ ၂၀ ရက်အထိ တိုင်းအားကစားကွင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း တိုင်းဒေသ ကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ထံမှ သိရသည်။

ထားဝယ်၊ မြိတ်၊ ကော့သောင်း ခရိုင်သုံးခုမှ အသင်းသုံးသင်းကို အမှတ်ပေး စနစ်ဖြင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း အထက်ပါဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

“ဘာကြောင့်ကျင်းပတာလဲဆိုတော့ နေပြည်တော်မှာ ဒီဇင်ဘာ ၁၆ ရက်မှာ လုပ်မယ့် တိုင်းနှင့်ပြည်နယ် ပြိုင်ပွဲဖို့ လူရွေးပွဲလုပ်တာ”ဟု ဦးစိုးမိုးနိုင်က ဆိုသည်။

ပြိုင်ပွဲတွင် ပထမဆုရရှိသူများကို ဆုငွေ ကျပ် ၅ သိန်း၊ ဒုတိယဆုကို ၃ သိန်းသတ်မှတ်ထားကြောင်း ဦးစိုးမိုးနိုင် က ပြောသည်။

အသက် ၂၅ နှစ်အောက် တိုင်းနှင့် ပြည်နယ်ဘောလုံးပြိုင်ပွဲများတွင် တနင်္သာရီ တိုင်းက တံခွန်စိုက်ဆုမရရှိဖူးသေးကြောင်း အထက်ပါဌာနမှ သိရသည်။

မိုးမြင့်