တနင်္သာရီ ဆောင်းရာသီ ပိုပူမည်

0
740

ဆောင်းရာသီကာလဖြစ်သည့် နိုဝင်ဘာလမှ ဖေဖော်ဝါရီလအတွင်း တနင်္သာရီတိုင်း ညအပူချိန်သည် သာမန် ဆောင်းရာသီအပူချိန်ထက် ပိုပူမည်ဖြစ် ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှု ဦးစီးဌာနက အောက်တိုဘာလကုန်တွင် ယေဘုယျ ခန့်မှန်းချက်ထုတ်ပြန် ထားသည်။


ညဘက်ပျမ်းမျှအပူချိန်ထက် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ် ပိုပူမည်ဖြစ်ကြောင်း အထက်ပါဦးစီးဌာနက ထုတ် ပြန်ထားခြင်ဖြစ်သည်။


တနင်္သာရီတိုင်း၏ ညဘက်ဆောင်း ရာသီပျမ်းမျှအပူချိန်မှာ ၂၉ ဒသမ ၅ ဒီဂရီစင်တီဂရိတ် ဝန်းကျင်တွင်ရှိကြောင်း တနင်္သာရီတိုင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးဟန်ဝင်းအောင်က ပြောသည်။


ယင်းအတွက်ကြောင့် ယခုဆောင်း ရာသီတွင် တနင်္သာရီတိုင်းသည် ၃၁ ဒီဂရီစင်တီဂရိတ် ဝန်းကျင်အထိ အပူချိန်ရှိ လာမည်ဖြစ်ကြောင်း ဦးဟန်ဝင်းအောင်က ပြောသည်။


“ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွေကြောင့် အခုလိုဆောင်းရာသီမှာပိုပူလာတာ”ဟု ၎င်းက ဆိုသည်။


ယင်းအပြင် ဆောင်းရာသီကာလအတွင်း ကမ်းရိုးတန်းဒေသဖြစ်သည့် တနင်္သာရီတိုင်းအတွင်း အခြားဒေသ များထက် ပိုမိုမြူထူထပ်စွာ ကျရောက်မည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထား သည်။


ဆောင်းရာသီ ညဘက် အပူချိန်တိုး မည့်ဒေသများမှာ တနင်္သာရီတိုင်း အပြင် ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်တို့လည်း ပါဝင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

Dawei Watch