မော်လမြိုင်တွင် အတ္တရံမြစ်ရေ သန့်စင် ဖြန့်ဝေမည်

0
460


အတ္ထရံမြစ်ရေသန့်စင်သည့် စီမံကိန်းကို အောက်တိုဘာ ၁၇ ရက်မှ စတင် ဆောင်ရွက်နေပြီး စီမံကိန်း တစ်နှစ်အတွင်း အပြီးလုပ်ဆောင်နိုင်ရန် စီစဉ်ထားသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင် သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

“အတ္ထရံမြစ်ရေကနေတစ်ဆင့် သန့်စင်ရေထွက်တဲ့အထိ တစ်နှစ်အတွင်း အပြီးလုပ်ဖို့ စီစဉ်ထားတယ်။ ပြီးတာနဲ့ မော်လမြိုင် မြောက်ပိုင်းရပ်ကွက်တွေကို (ရေသန့်) ရေဖြန့်ဝေပေးမယ်။ ရေပိုက် လိုင်းတွေ ပြန်ဖော်ဖို့ လုပ်ငန်းတွေကိုလည်း ဆက်လုပ်သွားမယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ရေသန့်စင်လုပ်ငန်းကို ကုမ္ပဏီနှစ်ခုက တာဝန်ယူလုပ်ဆောင် သွားမည်ဖြစ်ပြီး တစ်ရက်လျှင် ရေဂါလံ ၄ ဒသမ ၆ သန်းထိ ထွက်ရှိမည်ဟုလည်း ဦးမင်းကျော်လွင်က ဆက်လက်ပြောကြား သည်။

မော်လမြိုင်မြို့တွင် ရက်ကွက်၊ ကျေးရွာပေါင်း ၄၂ ခုရှိပြီး အဆိုပါ ရပ်ကွက်၊ ကျေးရွာများအတွက် ရေကို အတ္တရံမြစ် ရေ၊ ရွှေနတ်တောင်ဆည်နှင့် ကင်မွန်းချုံ ဆည်တို့မှ ဖြန့်ဝေပေးနေသည်။

ဆည်ရေကို အသုံးပြုနေရသည့် ရပ်ကွက်များအတွက် အခက်အခဲမရှိ သော်လည်း သန့်ရှင်းမှုမရှိသည့် အတ်္ထရံ မြစ်ရေကို အသုံးပြုနေရသည့် ရပ်ကွက်များအတွက် အခက်အခဲရှိသည်ဟု ရပ်ကွက်နေပြည်သူအချို့က ပြောကြား သည်။


မော်လမြိုင်မြို့တွင် ရေသန့်စင်မှု မရှိဘဲ တိုက်ရိုက်ဖြန့်ဝေပေးနေရသည့် အတွက် စည်ပင်အနေဖြင့် မြို့ရေလိုအပ် ချက်များကို ရေကောင်းရေသန့်ဖြင့် ဖြည့် ဆည်းပေးနိုင်ရန် ရင်းနှီးမြှုပ်နှံမည့်ကုမ္ပဏီ၊ ချေးငွေချေးပေးမည့်အဖွဲ့အစည်းတို့နှင့်  မြို့ရေပေးဝေရေးလုပ်ငန်း များ ပူးပေါင်း ဆောင်ရွက်နေသည်။

Dawei Watch