တနင်္သာရီတွင် တိုင်းရင်းသားဘာသာ သင်ထောက်ကူ ဆရာ၊ ဆရာမ တစ်ရာကျော် ခန့်အပ်

0
739

တနင်္သာရီတိုင်းတွင် မွန်၊ ကရင် တိုင်းရင်းသာဘာသာသင်ထောက်ကူ ဆရာ၊ ဆရာမ(Teaching Assistant) ၁၁၄ ဦးကို နေ့စားလပေး ဆရာများ အဖြစ် စက်တင်ဘာလ ၂ ရက်က စတင်ခန့်အပ်လိုက်ကြောင်း တနင်္သာရီ တိုင်း ပညာရေမှူးးရုံးထံမှ သိရသည်။

ယင်းတိုင်းရင်သားဘာသာ သင်ထောက်ကူ ဆရာ၊ ဆရာမ ၁၁၄ ဦးတွင် စကောကရင် ၁၀၁ ဦး၊ ပိုးကရင် ၆ ဦး၊ မွန် ၇ ဦးပါပြီး ထားဝယ်ခရိုင် အတွက် ၄၁ ဦး၊ မြိတ်ခရိုင်တွက် ၆၆ ဦနှင့် ကော့သောင်း ခရိုင်အတွက် ၇ ဦး ခန့်အပ်လိုက်ခြင်း ဖြစ်ကြောင်း တနင်္သာရီတိုင်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာန စာရင်းအရ သိရ သည်။

ယင်းအပြင် ကရင်တိုင်းရင်သား ဘာသာသင်ဆရာမ (Language Teacher) နှစ်ဦးကိုလည်း သရက်ချောင်း မြို့နယ်တွင် ခန့်အပ်လိုက်ကြောင်း အထက်ပါဌာန စာရင်းအရ သိရသည်။

“အခုခန့်လိုက်တဲ့သူတွေက ဒီလ ကနေစပြီး တာဝန်ထမ်းဆောင်ရတော့မှာ” တနင်္သာရီတိုင်း ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်စိုးက ပြောသည်။

ကရင်၊ မွန် တိုင်းရင်သားဘာသာ စကားသင်ထောက်ကူ ဆရာ၊ ဆရာများ မှာ သက်ဆိုင်ရာ တိုင်းရင်းသားဘာသာ စကားအပြင် အခြားကျောင်းသားများ၏ သင်ကြားရေးအပိုင်းတွင်ပါ လိုအပ်ပါက ၀င်ရောက်ကူညီပေးရမည်ဖြစ်ပြီး အကျိုး ခံစားခွင့်အဖြစ် တစ်နေ့ ကျပ် ၄၈၀၀ ရရှိမည်ဖြစ်သည်။

တိုင်းရင်းသားဘာသာသင် ဆရာမများမှာ တစ်နေ့လျှင် စာသင်ချိန် တစ်ချိန် သာရှိပြီး ခံစားခွင့်အဖြင့် တစ်လ ကျပ် သုံးသောင်းရရှိမည် ဖြစ် သည်။

“TA (တိုင်းရင်းသားဘာသာ သင်ထောက်ကူ ဆရာမ) ၀င်လျှောက်တာက ဘွဲ့ရရင် (အမြဲတမ်းဝန်ထမ်း)  ဆရာမ လျှောက်ခွင့်ရှိလို့ ၀င်လျှောက်တာပါ” ဟု တိုင်းရင်သားဘာသာ သင်ထောက် ကူဆရာမအဖြစ် ရေဖြူမြို့နယ်တွင် ခန့်အပ် ခြင်းခံရသည့် ဆရာမ တစ်ဦးက ဆိုသည်။

တိုင်းအတွင်း ယမန်ပညာသင်နှစ် က မွန်၊ ပိုးနှင့် စကေားကရင် တိုင်းရင်းသား ဘာသာစကားသင်ကြား နေသည့် ကျောင်းသား တစ်သောင်းကျော် ၁၆၁၈၂  ဦးရှိပြီး တိုင်းရင်းသားဘာသင် ဆရာ၊ ဆရာ ၄၃၆ ဦးရှိခဲ့ကြောင်း  တနင်္သာရီတိုင်း ပညာရေးမှူးရုံး စာရင်း အရ သိရသည်။

ကျော်သူစိုး