ထားဝယ်ခရိုင်ရှိ ကျေးရွာ တစ်ရာနီးပါးတွင် လမ်းညွှန်ဆိုင်းဘုတ် စိုက်ထူမည်

0
560

ထားဝယ်ခရိုင်ရှိ ကျေးရွာ ၉၄ ရွာ တွင် ကျေးရွာအမည်နှင့် ကီလိုမီတာ အကွာအဝေးကို မြန်မာ၊ အင်္ဂလိပ် နှစ် ဘာသာနှင့် ဖော်ပြထားသည့်ဆိုင်းဘုတ်များကို ယခု စက်တင်ဘာလကုန်တွင် အပြီးတပ်ဆင်မည်ဖြစ်ကြောင်း ထားဝယ် ခရိုင် လမ်းဦးစီးဌာနထံမှ သိရသည်။

ခရီးသွားလာရာတွင် မိမိရောက်ရှိ နေသည့် ရပ်ကွက်၊ ကျေးရွာအမည်နှင့် ကီလိုမီတာအကွာအဝေးကို သိရှိရန် အတွက် ရည်ရွယ်တပ်ဆင်ခြင်းဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့်ပါ ရေးသားထား သည့်အတွက် နိုင်ငံခြား ခရီးသွားများ လည်း မိမိရောက်ရှိ သည့်နေရာကို သိရှိနိုင်မည်ဖြစ်ကြောင်း အထက်ပါ ဌာနမှ အငယ်တန်းအင်ဂျင်နီယာ(၂) မြို့ပြ ဦးဇော်နိုင်ဝင်းက ပြောသည်။

“ဒီလကုန်အပြီး တပ်မယ်။ ဇွန်လ နောက်ဆုံးအပတ်လောက်တည်းက စတပ်နေတာ။ ကြားမှာ မိုးများနေလို့ နားနေရတာလည်း ရှိတယ်” ဟု ဦးဇော်နိုင်ဝင်းက ဆိုသည်။

ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်း၊ မေတ်္တာမြို့နယ်များရှိ ကျေးရွာအ၀င်အထွက် တစ်ဖက်တစ်ချက် နေရာများတွင် လမ်းညွှန်ဆိုင်းဘုတ်များ စိုက်ထူသွားမှာဖြစ်ပြီး  လမ်းညွှန်ဆိုင်း ဘုတ်တစ်ခုလျှင် ငွေကျပ် ၃ သိန်းဖြင့် ကျေးရွာတစ်ရွာလျှင် နှစ်ခုစီ စိုက်ထူ သွားမည်ဖြစ်ကြောင်း ၎င်းင်းက ပြော သည်။

အဆိုပါ လမ်းညွှန်ဆိုင်းဘုတ်များ ကို တိုင်းအစိုးရ၏ ဘတ်ဂျက်ဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး ကန့်ကွက်သည့် ကျေးရွာများတွင် ခေတ်္တ ရပ်နားထား သည်ဟု ၎င်းင်းက ပြောသည်။

လမ်းညွှန်ဆိုင်းဘုတ်တပ်ဆင်ခြင်း သည် ခရီးသွားပြည်သူများရောက်ရှိ သည့်နေရာကို သိရှိရန်အတွက် တပ်ဆင် ခြင်းဖြစ်ပြီး အချို့ကျေးရွာများမှာ ရွာ တစ်ရွာနှင့်တစ်ရွာ၏ နယ်နမိတ်သတ် မှတ်ပေးသည်ဟု ယူဆကာ လမ်းညွှန် ဆိုင်းဘုတ်တပ်ဆင်ခြင်းကို ကန့်ကွက် သည့် ကျေးရွာများလည်းရှိနေသည်ဟု ဦးဇော်နိုင်ဝင်းက ဆိုသည်။

ဆိုင်းဘုတ်မရှိသော အချို့ကျေးရွာ များအတွက်  လမ်းညွှန်ဆိုင်းဘုတ်စိုက် ထူခြင်းမှာ အဆင်ပြေသော်လည်း ကိုယ် ထူကိုယ်ထ စနစ်ဖြင့် သေချာကျနစွာ စိုက်ထူထားသည့် အချို့ကျေးရွာဆိုင်း ဘုတ်များ၏ ရှေ့တည့်တည့်တွင် ဌာနမှ လမ်းညွှန်ဆိုင်းဘုတ်များ လာရောက် တပ်ဆင်ထားခြင်းမှာ မဖြစ်သင့်ကြောင်း သရက်ချောင်းမြို့နယ်ရှိ ဒေသခံအချို့က ဝေဖန်သည်။

လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်တွင် ကျေးရွာ ၁၃၀ ခန့်ကို လမ်း ညွှန်ဆိုင်းဘုတ်များစိုက်ထူရန် လျာထား ပြီး မလွဲတောင်လမ်းမှ ကော့သောင်း ခရိုင်ရှိ ကျေးရွာများတွင် လမ်းညွှန် ဆိုင်းဘုတ်များကို စိုက်ထူသွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လမ်းဦးစီးဌာနထံမှ သိရသည်။

မိုးမြင့်