လောင်းလုံးမြို့နယ်ပညာရေးမှူးကို ပစ်စာဆန်ဆန် တိုင်ကြားမှုတစ်ခု ဖြစ်ပွား

0
855

အခြေခံပညာ ဦးစီးဌာနထံလိပ်မူ ကာ လောင်းလုံးမြို့နယ်ပညာရေးမှူးအား ပစ်စာဆန်ဆန် တိုင်ကြားထားသည့် တိုင်ကြားမှုတစ်ခု ဖြစ်ပွားခဲ့သည်။

၂၀၁၉ ခုနှစ် စက်တင်ဘာလ ၉ ရက် ရက်စွဲဖြင့် ရေးသားထားသော ယင်းတိုင်ကြားစာ၏ တိုင်ကြားသူနေ ရာတွင် လောင်းလုံးမြို့နယ် ပညာရေး မိသားစုဟု ရေးသားထားပြီး တိုင်းအစိုးရဖွဲ့ နှင့် တိုင်းပညာရေးမှူးကို မိတ်္တူပို့ထား ကြောင်း ဖော်ပြပါရှိသည်။

ယင်းတိုင်ကြားစာတွင် ၂၀၁၈ နိုဝင်ဘာလက ပြုလုပ်သည့် စတုတ်္ထတန်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် ၂၀၁၉ ဖေဖော်ဝါရီလတွင် ပြုလုပ်သော စာမေးပွဲ ကြီးကြပ်ရေးမှူးဆိုင်ရာ ဆွေးနွေးပွဲအတွက် နေ့တွက်စရိတ်ကို တစ်ရက်လျှင် ၃၀၀၀ နှုန်းဖြင့်သာ ထုတ်ပေးကြောင်း ပါရှိ သည်။

ယင်းအပြင် ၂၀၁၉ ခုနှစ် မိုးရာသီ မြို့နယ်အဆင့် ကျောင်းပေါင်းစုံ ဘောလုံး ပြိုင်ပွဲအတွက် စာသင်ကျောင်းတစ်ကျောင်း လျှင် ကျပ်လေးထောင်မှ ကျပ်သုံးသောင်း အထိ ကောက်ယူခဲ့ကြောင်း ဖော်ပြထား သည်။

၂၀၁၉ ခုနှစ်မေလတွင် ပြုလုပ် သည့် မြို့နယ်အဆင့်ွ-၃ သင်တန်း တွင်လည်း နေ့တွက်စရိတ်များ အပြည့် မရသည့် အနေအထားမျိုး ရေးသားထား သည်။

ယင်းတိုင်ကြားစာကို လောင်းလုံး မြို့နယ် ရေဖြူကျေးရွာ ဦးမောင်အေးထံ သို့လည်း လာပို့ခဲ့ကြောင်း ဦးမောင်အေး ထံမှ သိရသည်။

 “တာဝန်ရှိတဲ့ ပုဂ်္ဂိုလ်တွေအနေနဲ့ ပစ်စာလို့ သဘောမထားဘဲနဲ့ အပန်း မကြီးဘူးဆိုရင် ရှောင်တခင် ၀င်ပြီး စစ်ဆေးသင့်တယ်လို့ ထင်တယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။

လောင်းလုံးမြို့နယ် ပညာရေးမှူး ဒေါ်ချိုချိုကမူ ယင်းစာပါ ရေးသားထား သည်များအားလုံးသည် မဟုတ်မမှန် ကြောင်း ပြောဆိုသည်။

“အဲဒီအလုပ်တွေ လုပ်ထားရာမှာ သူနဲ့သက်ဆိုင်ရာ သက်ဆိုင်ရာကျောင်းအုပ် တွေ ရှိတယ်။ အဲဒါတွေ( တိုင်ကြားစာပါ အကြောင်းအရာ) အားလုံး ကျွန်မ မလုပ် ဘူး။ ငြင်းဆန်တယ်”ဟု ဒေါ်ချိုချိုက ဆိုသည်။

တိုင်းပညာရေးမှူးရုံးသို့လည်း ယင်း တိုင်ကြားစာ မိတ္တူရောက်ရှိနေကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က အတည် ပြု ပြောဆိုသည်။

တိုင်ကြားစာနှင့်ပတ်သက်၍ အခြေခံ ပညာဦးစီးဌာန၊ ညွှန်ကြားချက်ကို စောင့်နေကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။

Dawei Watch