ထောင့်ကွယ်မြို့ဟောင်းနေရာတွင် ခွင့်ပြုချက်မရှိဘဲ ရော်ဘာပင်စိုက်ပျိုးသူကို တရားထပ်စွဲမည်

0
1410

လောင်းလုံးမြို့နယ် ကျောက်တွင်း ကျေးရွာအုပ်စုရှိ ဆင်ထောက်ကမ်းခြေ အနီး ထောင့်ကွယ်မြို့ဟောင်းဧရိယာ အတွင်းရှိ ဒေသအခေါ် ကျောင်းတောင် တွင် ခွင့်ပြုချက်မရှိဘဲ ရော်ဘာပင် ၀င်ရောက် စိုက်ပျိုးနေသူကို တရားထပ်စွဲ မည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနထံမှ သိရသည်။

နိုင်ငံတော်က စီမံခန့်ခွဲခွင့်ရှိသည့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းနေရာဖြစ် သော ယင်းမြေနေရာကို တောင်သူတစ် ဦးမှ ခွင့်ပြုချက်မရှိဘဲ ရော်ဘာပင်ဝင်ရောက်စိုက်ပျိုးခြင်းကြောင့် အထက်ပါ ဦးစီးဌာနက ၂၀၁၈ ခုနှစ်တွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေ ဖြင့် တရားစွဲဆိုထားသည်။

လက်ရှိတွင် ယင်းအမှုကို လောင်း လုံးမြို့နယ်တရားရုံးတွင် စစ်ဆေးနေဆဲ သာရှိသေးကြောင်း မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူး ဦးအောင်ထွေးက ပြောသည်။

တရားစွဲဆိုခံထားရသည့် တောင်သူမှ အမှုရင်ဆိုင်ဆဲကာလတွင် အဆိုပါမြေ နေရာအား ထပ်မံဝင်ရောက်စိုက်ပျိုးနေ သည်ကို ကိုယ်တိုင် တွေ့မြင်ခဲ့ကြောင်း လောင်းလုံးမြို့နယ် သကျက်တောရွာ သား ဦးစစ်ထွန်းက ပြောသည်။

“ထောင့်ကွယ်မြို့ဟောင်းမှာ ရော် ဘာပင်တွေ ထပ်စိုက်နေတယ်ဆိုတာ ကြားရလို့ ၈ လပိုင်းတုန်းက သွားကြည့် တာ ရော်ဘာပင်တွေက အခုမှစိုက်ထား တဲ့အပင်တွေ။ အပင်ငယ်ငယ်လေးတွေပဲ ရှိသေးတယ်” ဟု ၎င်းက ဆိုသည်။

အမှုရင်ဆိုင်ဆဲကာလတွင် ယင်းကဲ့ သို့ဝင်ရောက်ပျိုးနေခြင်းကို မြို့နယ် ဥပဒေအရာရှိ အကြံပြုချက်အတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးအောင်ထွေးက ပြောသည်။

လက်ရှိတရားစွဲဆိုထားသည့်အမှု ပြီးသတ်အမိန့်ချပြီးမှ နိုင်ငံတော်က စီမံ ခန့်ခွဲခွင့်ရှိသော ထောင့်ကွယ်မြို့ဟောင်း မြေနေရာတွင် ထပ်မံဝင်ရောက်စိုက်ပျိုး နေခြင်းကို ထပ်မံတရားစွဲဆိုရန် မြို့နယ် ဥပဒေအရာရှိက အကြံပြုထားကြောင်း ၎င်းင်းက ပြောသည်။

“ဆက်မစိုက်ဖို့ကိုလည်း စာပို့ထား ပြီးပြီ။ ဆက်လုပ်နေမယ်ဆိုရင်တော့ ဥပဒေအရာရှိက အကြံပေးတဲ့အတိုင်း တရားထပ်စွဲမယ်” ဟု ဦးအောင်ထွေးက ဆိုသည်။

ဥယျာဉ်ခြံများ စိုက်ပျိုးမှုကြောင့် ထောင့်ကွယ်မြို့ဟောင်းနေရာ ပျက်စီး သွားမည်ကို ဒေသခံအချို့က စိုးရိမ်နေ ကြသည်။

Dawei Watch