ထားဝယ်ခရိုင် လျှပ်စစ်ကြားကာလ Petro and Trans တာဝန်ယူမည်၊ GGS ပိုင် မြေ၊ ဂက်စ်ပိုက်ငှားမည်

0
968

ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးကြားကာလကို တင်ဒါအောင် မြင်ထားသည့် Petro and Trans ကုမ္ပဏီက လုပ်ကိုင်မည်ဖြစ်ပြီး GGS ကုမ္ပဏီက စက်ရုံမြေနေရာနှင့် ဂက်စ် ပိုက်လိုင်းကို ယာယီငှားရမ်းအသုံးပြုခွင့် ပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးနှင့် GGS ကုမ္ပဏီထံမှ သိရသည်။

ခရိုင်လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေး အတွက် တိုင်းအစိုးရအဖွဲ့က GGS ကုမ္ပဏီကို စက်တင်ဘာလကုန်အထိ လုပ်ကိုင်ခွင့်ပြုထားပြီး တင်ဒါအောင် ထားသည့် Petro and Trans ကုမ္ပဏီကို ၂၀၂၀ခုနှစ် ဇန်န၀ါရီလတွင် စတင်လုပ် ကိုင်ရန် ခွင့်ပြုပေးထားသည်။

ထိုကြောင့် အောက်တိုဘာလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ လစ်ဟာနေသည့် သုံးလတာကြားကာလတွင် တင်ဒါအောင်ထားသည့် Petro and Trans ကုမ္ပဏီက ထုတ်လုပ်ဖြန့်ဖြူး မည်ဖြစ်ကြောင်း တိုင်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။

ကြားကာလတွင် လျှပ်စစ်ဖြန့်ဖြူး နိုင်ရေး GGS ပိုင် မြေနေရာနှင့် ဂက်စ် ပိုက်လိုင်းကိစ္စအတွက် စက်တင်ဘာလ ၁၀ရက်က ထားဝယ်ခရိုင် လျှပ်စစ်ဓာတ် အား ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းဆိုင် ရာ အထောက်အကူပြု  ဗဟိုကြီးကြပ်မှု ကော်မတီနှင့် GGS ကုမ္ပဏီတို့ ဆွေးနွေး ခဲ့ကြသည်။

အဆိုပါအစည်းအဝေးတွင် မြေ နေရာနှင့် ဂက်စ်ပိုက်လိုင်းယာယီငှားရမ်း မည့်ကိစ်္စကို သဘောတူညီခဲ့ပြီး GGS ကုမ္ပဏီက Petro and Trans ကုမ္ပဏီ နှင့် တိုက်ရိုက်ညှိနှိုင်းမည်ဟု ပြောဆိုခဲ့ ကြောင်း တိုင်းလျှပ်စစ်ဝန်ကြီး ဦးအောင်သူရ က ပြောသည်။

Petro and Trans ကုမ္ပဏီက ကြားကာလတွင် လျှပ်စစ်တစ်ယူနစ် ဈေးနှုန်း မည်မျှကောက်ခံမည်ကို အတိ အကျ မပြောနိုင်သေးသော်လည်း လက် ရှိ တစ်ယူနစ် ၂၅၀ ကျပ်ထက် ပိုမည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။

ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးအတွက် ဏနအမသ ညွေှိမညျေ ကုမ်္ပဏီက တစ်ယူနစ်လျှင် ၂၃၈ ကျပ် ဖြင့် တင်ဒါအောင်ထားသည်။

“(ကြားကာလ) ယူနစ်ဈေးနှုန်းက တော့ လောလောဆယ်ပြောလို့ မရသေး ဘူး”ဟု ဦးအောင်သူရက ပြောသည်။ထားဝယ်ဒေသ မီးမပျက်စေရေးအတွက် တိုင်းအစိုးရက တောင်းဆိုထားသည့် စက်ရုံမြေနေရာနှင့် ဂက်စ်ပိုက်လိုင်း ငှား ရမ်းရန် သဘောတူလိုက်ပြီး ငှားရမ်းမည့် ကုမ္ပဏီနှင့် တိုက်ရိုက်ညှိနှိုင်းမည်ဖြစ် ကြောင်း GGS ကုမ္ပဏီ၏ အထွေထွေ မန်နေဂျာ ဦးမြတ်သူနိုင်က ဆိုသည်။

ကြားကာလသုံးလကို GGS ကုမ္ပဏီက ဆက်လုပ်ပေးရန် သို့မဟုတ် ကုမ္ပဏီပိုင်ဂက်စ်ပိုက်လိုင်းနှင့် မြေနေရာ တို့ကို ငှားရမ်းပေးရန် တိုင်းအစိုးရက မေတ္တာရပ်ခံခဲ့သည်။

GGS ကုမ္ပဏီက ဆက်မလုပ်ဘဲ ဂက်စ်ပိုင်လိုင်းနှင့် မြေနေရာ ငှားရမ်းရန် သာ သဘောတူခဲ့ခြင်း ဖြစ်သည်။ GGS ကုမ္ပဏီဥက္ကဋ္ဌနှင့် ဒါရိုက်တာ ဦးအောင်မြတ်တို့မှာ ၀န်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့်အတူ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရပြီး လက်ရှိတွင် ထားဝယ်အကျဉ်းထောင်အတွင်း ဖမ်းဆီး ခံထားရသည်။

ထိုကြောင့် Petro and Trans ကုမ္ပဏီ တာဝန်ရှိသူများအနေဖြင့် ထားဝယ်အကျဉ်းထောင်အတွင်း ဖမ်းဆီး ခံထားရသည့် GGS ကုမ္ပဏီ တာဝန် ရှိသူများနှင့် သွားရောက်ညှိနှိုင်းရမည် ဖြစ်ကြောင်း ဦးမြတ်သူနိုင်က ပြောသည်။

ကုမ္ပဏီတာဝန်ရှိသူအချင်းချင်း ညှိ နှိုင်းမှုအဆင်ပြေပါက မြေနေရာ၊ ဂက်စ် ပိုက်လိုင်း၊ မီးလင်းရေးဝန်ထမ်းတို့ကို လွှဲပြောင်းပေးရန် အဆင်သင့်ရှိကြောင်း ဦးမြတ်သူနိုင်က ဆိုသည်။

“ထားဝယ်ခရိုင်ကို လျှပ်စစ်ဓာတ် အားပေးပြီးတဲ့အချိန်မှာ ကျွန်တော်တို့ ကုမ်္ပဏီ ဂုဏ်သရေရှိရှိ ပြန်ပြီးထွက်သွား ချင်တယ်။ လိုအပ်တဲ့ ပံ့ပိုးမှုအားလုံး ကို ကျွန်တော်တို့ လုပ်ပေးမယ်” ဟု ဦးမြတ်သူနိုင်က ပြောသည်။

အထက်ပါကိစ္စများနှင့် ပတ်သက် ၍ ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ်ဖြန့် ဖြူးရေးလုပ်ငန်းအတွက် တင်ဒါအောင် ထားပြီး ကြားကာလကိုပါ တာဝန်ယူလုပ် ကိုင်မည့် Petro and Trans ကုမ္ပဏီ (တင်ဒါဖွင့်စဉ်ကလာရောက်သူ) တာဝန် ရှိသူထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ သော်လည်း ဖုန်းမကိုင်သည့်အတွက် မေးမြန်းခွင့်မရသေးပေ။

ကိုဇော်