ယခုတစ်ပတ်အတွင်း နေ့တိုင်းနီးပါး မိုးရွာမည်

0
478

တနင်္သာရီတိုင်းတွင် ယခုတစ်ပတ် အတွင်း နေ့တိုင်းနီးပါး မိုးရွာသွန်းမည် ဖြစ်ကြောင်း တနင်္သာရီတိုင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

တနင်္သာရီတိုင်းတွင် ဇူလိုင်လ ၁၈ ရက်မှ ၂၈ ရက်အထိ ဆယ်ရက်တာ အတွင်း  မိုးရွာမည့်ရက် ၇ ရက်မှ ၉ ရက် အထိ ရှိနိုင်ကြောင်း အထက်ပါဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းဆယ်ရက်အတွင်း နေ့တိုင်းနီးပါးမိုးရွာမည်ဖြစ်သော်လည်း မိုးရေချိန် မှာ ပုံမှန်ရွာသွန်းနေကျ မိုးရေချိန်ထက် လျော့နည်းနိုင်ကြောင်း ယင်းဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်အပတ်ကလည်း ဇူလိုင် လ ၈ ရက်မှ ၁၈ ရက်အထိ တိုင်းအတွင်း နေ့တိုင်းနီးပါးမိုးရွာသွန်းခဲ့ကြောင်း မိုလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ဇူလိုင်လ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။    

Dawei Watch