ယူနက်စကို စံသတ်မှတ်ချက်အတိုင်း ကောက်ယူထားသည့် ဒြပ်မဲ့ယဉ်ကျေးမှု လေးခု ထပ်တင်မည်

0
727

တနင်္သာရီတိုင်းအတွင်း ယူနက်စကို၏ စံသတ်မှတ်ချက်အတိုင်း ကောက်ယူ ထားသည့် ဒြပ်မဲ့ယဉ်ကျေးမှုလေးမျိုးကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ရုံးချုပ်ကို ထပ်မံ တင်ပြမည်ဖြစ်ကြောင်း ယင်းဌာန ထားဝယ်ဌာနခွဲထံမှ သိရသည်။

ထပ်မံတင်ပြမည့် ဒြပ်မဲ့ယဉ်ကျေး မှု လေးမျိုးမှာ ရှင်မလဲပွဲတော်၊ ထားဝယ် မုန့်လက်သုပ်၊ ဓနိပွင့်ယူ လုပ်ငန်းနှင့် ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရား ပွဲတို့ဖြစ် ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ထားဝယ်ဌာနခွဲ)မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တိုင်း အတွင်းရှိ ယူနက်စကို စံသတ်မှတ်ချက် များဖြင့် ကောက်ယူထားသည့် ဒြပ်မဲ့ ယဉ်ကျေးမှု ၁၃ မျိုးတင်ပြရန် စီစဉ် ထားပြီး ဇန်န၀ါရီလအထိ ကိုးမျိုး တင်ပြထားပြီး ဖြစ်သည်။

အထက်ပါလေးမျိုးမှာ နောက်ထပ် တင်ပြမည့် ဒြပ်မဲ့ယဉ်ကျေးမှုများ ဖြစ် သည်။

“ဒီလေးခုကိုတော့ ဒီဘတ်ဂျက် နှစ်အတွင်းမှာ အပြီးတင်မယ်”ဟု ၎င်းက ဆိုသည်။

ယင်းလေးခုအနက် ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကိုမူ ယူနက်စကိုအဖွဲ့ သို့ တင်ပြထားပြီး ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာတွင်လည်း မှတ်တမ်းအဖြစ် ထားရှိနိုင်ရန် ထပ်မံ တင်ပြထားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်း ၁၃ ခုကို ယူနက်စကိုအဖွဲ့ စံသတ်မှတ်ချက်များဖြစ်သည့် ယင်းဒြပ်မဲ့ ယဉ်ကျေးမှုများကို ပြုလုပ်နေသူအမည်၊ ယခင်က ပြုလုပ်ပုံစံနှင့် လက်ရှိပြုလုပ် နေသည့်ပုံစံ၊ ပြုလုပ်နေသည့် နေရာ အတိအကျ စသည့် အချက်အလက်များ ဖြင့် ကောက်ယူထားကြောင်း ၎င်းက ပြောသည်။

ယင်းအချက်အလက်များကို စာ၊ ရုပ်သံမှတ်တမ်းတို ရိုက်ကူး မှတ်တမ်း တင်ကာ တင်ပြရကြောင်း ၎င်းက ပြောသည်။

“တနင်္သာရီတိုင်းမှာက နောက်ထပ် ဒြပ်မဲ့ယဉ်ကျေးမှုတွေ အများကြီးရှိသေး တယ်။ ဒါပေမယ့် ခက်တာက အရင်က ပွဲတော်တွေရဲ့ ရုပ်သံမှတ်တမ်းရှာမရ တော့ ယူနက်စကိုပုံစံနဲ့ ကောက်လို့မရဘဲ ဖြစ်နေတယ်” ၎င်းက ဆိုသည်။

တိုင်းအတွင်း လာမည့်ဘဏ္ဍာနှစ်တွင်လည်း ရရှိသည့် ရန်ပုံငွေအပေါ် မှုတည်ကာ ဒြပ်မဲ့ယဉ်ကျေးမှုများ ထပ်မံ ကောက်ယူရန် ရှိကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုသားပြတိုက် ဦးစီးဌာန (ထားဝယ်ဌာနခွဲ) ထံမှ သိရသည်။

ကျော်သူစိုး