ရေရှားပါးမှုပြဿနာ ဖြေရှင်းနိုင်ရန် သစ်ပင်များသည့် ဥယျာဉ်မြေကို ရွာသားများ ၀ယ်ယူထိန်းသိမ်း

0
742

မဇောကျေးရွာအုပ်စု ဘန်မဲ့ရွာ ဟောင်းတွင် နှစ်စဉ်နွေရာသီတိုင်း ကြုံ တွေ့နေရသည့် ရေရှားပါးမှုပြသာနာအား ဖြေရှင်းနိုင်ရန်အတွက် သုံးဧကခန့်ရှိ သစ်ပင်ပေါက်ရောက်မှုများသည့် ဥယျာဉ်ခြံမြေ သုံးဧက ခန့်ကို ထိန်းသိမ်း နိုင်ရန်အတွက် ရွာသားများ စုပေါင်းဝယ် ယူထားကြောင်း ယင်းသို့ ၀ယ်ယူထိန်း သိမ်းသည့် အစီအစဉ်တွင် ပါဝင်သည့် ဒေသခံ ကိုခင်ဇော်ငြိမ်းက ပြောသည်။

အဆိုပါ ဥယျာဉ်ခြံမြေအား ဘန်မဲ့ ရွာဟောင်းကျေးရွာသားများ ထည့်ဝင် ထားသည့် ကျေးရွာရန်ပုံငွေအနက် ကျပ် ၁၀ သိန်းဖြင့် ပိုင်ရှင်တစ်ဦးထံမှ ဇွန်လ ၂၁ ရက်က ၀ယ်ယူခဲ့ကြောင်း ကိုခင်ဇော်ငြိမ်းက ဆိုသည်။

ရေအရင်းမြစ်ရရှိသည့် သစ်တော ကို ထိန်းသိမ်းပြီး စိမ့်စမ်းရေအား ကျေးရွာ အတွင်းတစ်နေရာတွင် ပြုလုပ်ထားသည့် ရေကန်သို့ သွယ်တန်းကာ စနစ်တကျ ရယူခြင်းဖြင့် ရေရှားပါးမှုပြဿနာအား ဖြေရှင်းရန် စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ရေရှားနေတာကတော့ သုံးနှစ်ခန့် ရှိပါပြီ”ဟု ၎င်းက ပြောသည်။

ဝယ်ယူထားသည့် မြေကို ဘန်မဲ့ရွာ ဟောင်းနေထိုင်သူများ စုပေါင်း ထိန်းသိမ်း ရန် စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။

မြင့်မိုရ်(မြိတ်)