ထားဝယ်မြို့အတွင်း ရပ်ကွက် အသစ်တစ်ခု သတ်မှတ်ရန်ပြင်ဆင်

0
2016

ထားဝယ်မြို့အတွင်း ရပ်ကွက်အသစ် တစ်ခုသတ်မှတ်နိုင်ရန် ပြင်ဆင်နေ ကြောင်း ထားဝယ်မြို့နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်း က ပြောသည်။

မြို့သစ်ဧရိယာကို ရပ်ကွက်အသစ် တစ်ခုသတ်မှတ်နိုင်ရန်အတွက် ဇွန်လ ၁၉ ရက်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးအောင်ဝင်း၊ မြို့နယ်အုပ်ချုပ် ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်မြေစာရင်း အစရှိသည့် ဌာနများမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးအချို့တို့က အစည်းအဝေးပြုလုပ် ခဲ့သည်။

အစည်းအဝေးတွင် ရပ်ကွက်အသစ် သတ်မှတ်နိုင်ရေး ၀ိုင်းဝန်းဆွေးနွေးခဲ့ ကြပြီး ယင်းသို့သတ်မှတ်နိုင်ရန်အတွက်  လာမည့်ဇူလိုင်လတွင် ကျင်းပမည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မေးခွန်းမေးမည်ဖြစ်ကြောင်း ဦးအောင်ဝင်း က ပြောသည်။

လက်ရှိထားဝယ်မြို့သစ်မှာ ဆန်းချီ၊ ဆင်ဆိပ်နှင့် ၀ဲကျွန်းရပ်ကွက်အုပ်စုများ တွင်  တစ်စိတ်တစ်ပိုင်းစီ ပါဝင်နေသည်။

ရပ်ကွက်အုပ်စုသုံးခုအတွင်း အစိတ် အပိုင်းတစ်ခုစီ ပါဝင်နေသည့်အတွက် တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် မြေယာအမှုအခင်းဖြေရှင်းဆောင် ရွက်ချိန်တွင် အဆင်မပြေမှုများရှိနေသည့် အတွက် ရပ်ကွက်တစ်ခုအနေဖြင့် သတ် မှတ်နိုင်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဦးအောင်ဝင်းက ရှင်းပြသည်။

“အုပ်စုသုံးခုပိုင်နေတာ တစ်ခုတည်း ဖြစ်ဖို့အတွက် ရပ်ကွက်နာမည်တစ်ခုနဲ့ ဖော်ထုတ်ဖို့ သဘောဖြစ်တယ်”ဟု အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောသည်။

ရပ်ကွက်အမည်ကို ရှေးထားဝယ် မြို့အမည်များဖြစ်သည့် သာယာဝတီ၊ သာဂရ အစရှိသည့် အမည်များအနက်မှ ရွေးချယ်သတ်မှတ် မည်ဖြစ်ပြီး လမ်းအမည် များကိုလည်း ထင်ရှားသည့် ထားဝယ် လူမျိုးများ၏ အမည်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရပ်ကွက်အသစ်တစ်ခုသတ်မှတ် ခြင်းနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်တွင် သက်ဆိုင်ရာဝန်ကြီးဌာနမှ လုပ် ဆောင်ပေးမည်ဟု အဖြေ(ကတိက၀တ်) ရရှိပါက ရပ်ကွက်နေ ပြည်သူများကို ရှင်းပြကာ ဆန္ဒသဘောထားယူမည် ဖြစ်ကြောင်း ဦးအောင်ဝင်းက ပြောသည်။

ရပ်ကွက်အသစ် တစ်ခုအဖြစ် သတ်မှတ်မည်ဆိုပါက လုပ်ထုံးလုပ်နည်းများ အတိုင်း အမှုတွဲဖြင့် ခရိုင်၊ တိုင်းအဆင့် ဆင့်သို့ ပြန်တင်ရကြောင်း ထားဝယ် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်းက ဆိုသည်။

“မြေပုံတွေဆွဲတာတွေလုပ်ရမယ်၊ နောက် အမှုတွဲမှာ လိုအပ်ချက်တွေရောဆို တော့ အနည်းဆုံး လေးလလောက်ကြာ နိုင်တယ်”ဟု ဦးအောင်ဆန်းဝင်းက ပြောသည်။

ထားဝယ်မြို့သစ်ကို ရပ်ကွက်တစ်ခု အနေဖြင့် သီးခြားသတ်မှတ်မည့်အပေါ် ကြိုဆိုလက်ခံကြောင်း မြို့သစ် ၆ လမ်းနေ အသက် ၄၀ နှစ်အရွယ် အမျိုးသားတစ်ဦး က ဆိုသည်။

“အခုက ရပ်ကွက်အုပ်ချုပ်ရေးမှူး တွေလည်း တော်ရုံနဲ့ မလာကြဘူး၊ ရပ်ကွက် သီးခြားဖြစ်သွားရင်တော့ ပိုကောင်းတာ ပေါ့”ဟု အထက်ပါအမျိုးသားက ပြော သည်။

ထားဝယ်မြို့သစ်ကို ၁၉၉၀ ခုနှစ် နောက်ပိုင်း တပ်မတော်အစိုးရလက်ထက်တွင် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ထားဝယ်မြို့ပေါ် ရပ် ကွက် ၁၅ ခုရှိသည်။

ကိုဇော်