လောင်းလုံးမြို့ အ၀င်ဆိုင်းဘုတ်အုန်းသီးဖြင့် ရုပ်လုံးဖော်မည်

0
555

လောင်းလုံးမြို့အ၀င်ဆိုင်းအဘုတ်ကို အုန်းသီးပုံစံဖြင့် ရုပ်လုံးဖော်မည် ဖြစ်ကြောင်း ယင်းရုပ်လုံးပုံစံကို ဒီဇိုင်းရေးဆွဲ နေသည့် မြို့နယ်လမ်းဦးစီးဌာန အင်ဂျင်နီယာ ဦးအောင်မင်းထွန်းက ပြောသည်။

Welcome To Laung Lone မြို့အ၀င်ဆိုင်းဘုတ်ကို အုန်းသီးရုပ်လုံးဖြင့် ပြုလုပ်ရန် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိ၊ ရပ်ဖများနှင့်တိုင်ပင်ပြီး ရွေးချယ်ထားခြင်း ဖြစ်ကြောင်း ဦးအောင်မင်းထွန်းက ပြောသည်။

“ပုံစံကတော့ အုန်းသီးကို တစ်ခြမ်းခွဲ ထားတာပေါ့။ အဲဒီ တစ်ခြမ်းခွဲ ထားတဲ့နောက်မှာ နောက်ထပ်အုန်းသီးတစ်လုံး ထပ်ထည့်မယ်ပေါ့။ လောင်းလုံးကတော့ ပင်လယ်ကမ်းခြေတွေများတာကိုး။ ကမ်းခြေမှာဆို အုန်းသီးက အဓိကကို။ အဲဒီရည်ရွယ်ချက် လေးနဲ့လုပ်တာပါ”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် အုန်းသီးပုံရုပ်လုံးဖြင့် မြို့အ၀င်ဆိုင်းဘုတ်ပုံဖော်ရန်အတွက် မြေပြုပြင်မှုများနှင့် လိုအပ်သည့်ပစ္စည်း များ စတင်စုဆောင်းနေပြီဖြစ်ကြောင်း ဦးအောင်မင်းထွန်းက ပြောသည်။

Welcome To Laung Lone မြို့အ၀င်ဆိုင်းဘုတ်ကို သဗျာကျေးရွာရှိ လက်ရှိ မြို့အ၀င်ဆိုင်းဘုတ် စိုက်ထူထား သော နေရာတွင် ပြုလုပ်မည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

တနင်္သာရီတိုင်းအတွင်းရှိ မြို့အချို့တွင် မြို့အ၀င်ဆိုင်းဘုတ်ကို ဒေသနှင့် သက်ဆိုင်သည့် သရုပ်ဖော်ပုံများဖြင့် တပ် ဆင်ထားကြသည်။

ကျော်သူစိုး