မြေတိုက်ကျောင်းဆောင်သစ် ပြန်ဆောက်

0
867
ဓာတ်ပုံ - ဝေယံစိုး

ထားဝယ်မြို့၊ ကညုံရပ်ကွက် မြေတိုက်ကျောင်းဝင်းအတွင်းရှိ ပင်မကျောင်းဆောင် မီးလောင်ပြီး ဆယ်လ ခန့်အကြာတွင် ကျောင်းဆောင်သစ်ကို ယခင်နေရာအဟောင်းတွင် မတ်လ ၂၀ ရက်(တပေါင်းလပြည့်နေ့)မှ စတင် ဆောက်လုပ်လျက် ရှိသည်။

နှစ်ပေါင်း ၁၅၀ သက်တမ်းရှိ သစ်သားကျောင်းဆောင်မှာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် မေလ ၁၁ ရက် ညက မီးလောင် ခဲ့သည်။

တပေါင်းလပြည့်နေ့က ကျောင်း တိုင်ထူ မင်္ဂလာအခမ်းအနားကျင်းပခဲ့ကာ စတင်ဆောက်လုပ်နေခြင်း ဖြစ်သည်။

မြေတိုက်ကျောင်းဆောင်သစ်ကို မူလကျောင်းဆောင်အတိုင်းပြန်လည် ဆောက်လုပ်နေခြင်းဖြစ်ပြီး အချိန် တစ် နှစ်ခန့်ကြာနိုင်ကြောင်း ယင်းကျောင်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောသည်။

သစ်အခက်အခဲကြောင့် ကနဦး သတ်မှတ်ထားသည်ထက် နောက်ကျပြီး မှ ဆောက်လုပ်နိုင်ခဲ့ကြောင်း ဦးအောင်ကြည်က ဆိုသည်။

“ဒီလုပ်ငန်းတွေက သံရိုက်တာလည်းမဟုတ် အားလုံး သစ်သားစို့တွေနဲ့ ရိုက်မှာဆိုတော့ လက်ဝင်တယ်။ ဒီနှစ် ထဲမှာ ပြီးနိုင်မှာမဟုတ်ဘူး”ဟု ဦးအောင်ကြည်က ဆိုသည်။

မီးလောင်သွားသည့် သစ်သား ကျောင်းဆောင်မှာ သစ်သားတိုင်အလုံး ရေ ၇၇ လုံးရှိပြီး လက်ရှိကျောင်းဆောင် သစ်တွင်လည်း တိုင်အလုံးရေ ၇၇ လုံး ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းသစ်သားကျောင်းဆောင် ဆောက်လုပ်ရန်အတွက် ကျပ်သိန်းငါး ထောင်ကျော်ကုန်ကျမည်ဟု ခန့်မှန်း ထားပြီး လက်ရှိတွင် ကျပ်သိန်းတစ်ထောင်ခန့် အလှူငွေရရှိနေပြီဖြစ်ကြောင်း မြေတိုက်ကျောင်း ဂေါပကအဖွဲ့ထံမှ သိရ သည်။

မြေတိုက်ကျောင်းမီးလောင်ချိန်က ဂဏ၀ိမုတ်ကူတို့ဂိုဏ်းစာချွန်တော် နှစ်ခုနှင့် အခြား ရှေးဟောင်းပစ်္စည်းများ မီးလောင်ဆုံး ရှုံးသွားခဲ့သည်။

ကျော်သူစိုး