မြိတ်မြို့ပေါ်ရပ်ကွက်တချို့ ရေ စရှား

0
822

မြိတ်မြို့ပေါ်ရပ်ကွက်တချို့၌ သောက်သုံးရေ ရှားပါးမှု စကြုံနေရ ကြောင်း ယင်းရပ်ကွက်သူ/သားများထံမှ သိရသည်။

မြိတ်မြို့ ရေပုန်းနယ်မြေ၌ ရပ်ကွက် ၇ ခုရှိသည့်အနက် ရပ်ကွက် ၄ ခုခန့် သောက်သုံးရေ အခက်အခဲကြုံ နေရကြောင်း ယင်းရပ်ကွက်နေပြည်သူ များနှင့် ရာအိမ်မှူးများထံမှ သိရသည်။

ယခင်က နေ့စဉ် ရေရရှိနေရာမှ ပြီးခဲ့သည့် ၂ ပတ်ခန့်မှစပြီး ၂ ရက်တစ် ကြိမ်သာ ရေရရှိတော့ကြောင်း ရေပုန်း နယ်မြေ၊ ငြိမ်းချမ်းသာရပ်ကွက်မှ အသက် ၇၅ နှစ်အရွယ် ဒေါ်အေးသင်က ပြောသည်။

“ရတဲ့ရေကလည်း သောက်သုံးဖို့ လောက်ပဲရတယ်၊ ပူရတဲ့အထဲ ရေပုံမှန် မချိုးကြရဘူး”ဟု ၎င်းက ပြောသည်။

ရေပုန်းနယ်မြေအတွင်းရှိ ရပ်ကွက် များသို့ ပုဂ်္ဂလိက တစ်နိုင်တစ်ပိုင် ရေပေး ဝေရေးလုပ်ငန်း ၅ ခုခန့်က ရေမီတာများ ဖြင့် နေ့စဉ် ဖြန့်ဝေပေးလျက်ရှိသည်။

ယခုနှစ် နွေရာသီ၌ ပြီးခဲ့သည့် နှစ်ကထက် မြေအောက်ရေခမ်းခြောက်မှု စောဖြစ်လာသည့်အတွက် အလုံအ လောက် မပေးနိုင်တော့ဟု ရေပေးဝေရေး လုပ်ငန်းလုပ်ကိုင်သူတချို့ကပြောသည်။

သောက်သုံးရေ အခက်အခဲကြုံ သည့်အတွက် မတ်လ ၁၉ ရက်က မြိတ် ခရိုင်မီးသတ်ဦးစီးဌာနသို့ အကူအညီ တောင်းခံခဲ့ရာ မီးသတ်ဌာနမှ ရေသယ် ကားတစ်စီးဖြင့် တစ်နေ့နှစ်ကြိမ် လာရောက်ပေးဝေနေကြောင်း ငြိမ်းချမ်းရေး ရပ်ကွက်နေ ဒေါ်လဲ့လဲ့ဝင်းက ပြောသည်။

“ရေကတော့ ရပ်ကွက်တိုင်းမှာ ရှား နေတယ်။ တစ်ခါလာလှူပြီး ဓာတ်ပုံရိုက် ပြန်တာမျိုး မဟုတ်ဘဲ၊ နေ့တိုင်း လာလှူ စေချင်တယ်”ဟု အပြင်ရေပုန်းရပ်ကွက်မှ ရာအိမ်မှူး ဦးမင်းစိုးနိုင်က ဆိုသည်။

ရေပုန်းနယ်မြေတွင် ရပ်ကွက် ၇ ခုနှင့် အိမ်ခြေ ၂၀၄၀၊ အိမ်ထောင်စု ၂၂၉၀ နှင့်လူဦးရေ ၁၂၉၃၅  ဦးရှိကြောင်း ယင်းနယ်မြေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

လက်ရှိ ယင်းရပ်ကွက်များ၌ ရေ ၁ ယူနစ်( ဂါလံ ၁၀၀) လျှင် ကျပ်၁၂၀၀ ဖြင့် ပေးဝယ်နေရကြောင်း ယင်းရပ်ကွက် နေပြည်သူများထံမှ သိရသည်။

ရေပုန်းနယ်မြေအပြင် ယင်းနယ်မြေ အနီးရှိ အဏ္ဏ၀ါရပ်ကွက်၌လည်း ရေအခက်အခဲဖြစ်နေကြောင်း ယင်းရပ်ကွက် နေပြည်သူများထံမှ သိရသည်။

ကိုဆန်း