သောက်ရေ ပြတ်လပ်က မြို့နယ် ကျေးလက်ရုံးများကို ဆက်သွယ်ပါ

0
562

တနင်္သာရီတိုင်းအတွင်း ကျေးလက် နေပြည်သူများအနေဖြင့် ယခုနွေရာသီ တွင် သောက်ရေပြတ်လပ်ပါက သက် ဆိုင်ရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနများသို့ ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း တိုင်းကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။

ယခုနွေရာသီတွင် ရေရှားပါက ကျေးရွာများ၏ ရေလိုအပ်ချက်ကို ဖြည့် ဆည်းပေးနိုင်ရန်အတွက် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးချုပ်ကို ငွေကျပ် ဆယ်သိန်းကျော် (၁၂၉၆၃၀၀) ရန်ပုံငွေတောင်းခံထား ကြောင်း ယင်းဌာန အမှုဆောင်အင်ဂျင် နီယာ ဦးစိုးဝေကပြောသည်။

ယင်းငွေဖြင့် သောက်ရေပြတ်လပ် နေသည့်ရွာနှင့်အနီးစပ်ဆုံးရွာမှ ရေသယ် ယူနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း ဦးစိုးဝေကက ပြောသည်။

“ကျွန်တော်တို့ မြို့နယ်ကျေးလက် ရဲ့ ဖုန်းနံပါတ်တွေ ကျေးရွာအုပ်ချုပ် ရေးမှူးတိုင်းမှာ ရှိတယ်။ တကယ်လို့ ရေရှားရင် အဲဒီဖုန်းနံပါတ်တွေနဲ့ဆက်သွယ်နိုင်တယ်”ဟု ဦးစိုးဝေက ဆိုသည်။

ရေရှားလျှင်ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များကိုမူ ဌာနအစီအစဉ်ဖြင့် သီးသန့်ထုတ်ပြန်ထားခြင်းမရှိကြောင်း ၎င်းင်းက ပြောသည်။

ယခုနှစ်နွေရာသီတွင် ထားဝယ်မြို့ နယ် ညောင်ဇင်ကျေးရွာနှင့် ကော့သောင်း မြို့နယ်တွင် အောင်မေတ်္တာ(ဘန်းကချွန်)၊ ခမောက်ငယ်(အောင်ချမ်းသာ)၊ အမှတ် ၄ (ခမောက်ကြီး)၊ ရွာသာယာ (ပုလုံးတုံးတုံး)၊ ချောင်းဝ(ခမောက်ကြီး) စသည့် ရွာခြောက်ရွာတွင် ရေရှားနိုင် ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနက ခန့်မှန်းထားသည်။

ကျော်သူစိုး