ပလောက်တွင် အရက်အတူသောက် ရာမှ စကားများပြီး ရဲဒင်းဖြင့်ထုသတ်

0
601

ပလောက်မြို့တွင် အရက်အတူသောက်ရာမှ စကားများရန်ဖြစ်ပြီး ရဲဒင်းဖြင့် ထုသတ်ခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ပလောက်မြို့၊ ပြင်ဘုငယ်ကျေးရွာအုပ်စုတွင် ဖေဖော်ဝါရီလ ၉ ရက်က သေဆုံးသူ၏ နေအိမ်တွင် အသက် ၂၆ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးနှင့် အရက်အတူ သောက်ရာမှ ရန်ဖြစ်ကာ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။

အိမ်ရှင်အမျိုးသားမှာ ဒဏ်ရာရပြီး တစ်ရက်အကြာတွင် သေဆုံးသွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

သေဆုံးသူ၏ ဇနီးနှင့် သားသမီးများက ဓနိဖက်ခုတ်ပြီး နေအိမ်သို့ ပြန်ရောက် ချိန်တွင် အမျိုးသားဖြစ်သူမှာ ဒဏ်ရာများရရှိကာ မေ့မြောနေကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဖြစ်စဉ်အား အိမ်နီးချင်းတစ်ဦးကို မေးမြန်းရာ အရက်အတူသောက်ရာမှ စကားများရန်ဖြစ်ပြီး အသက် ၂၆ နှစ်အရွယ် ရှိ အမျိုးသားက သေဆုံးသူအမျိုးသားကို လက်သီးဖြင့်ထိုး၍ လည်ပင်အားလိမ်ချိုးပြီး ရဲဒင်းဖြင့် ကျောကုန်းအား ထုရိုက်ခဲ့သည်ဟု ပြောပြခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အသက် ၂၆ နှစ်အရွယ် အမျိုးသားကို ရာဇသတ်ကြီး ပုဒ်မ- ၃၀၂ (လူသတ်မှု)ဖြင့် ပလောက် နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။

Dawei Watch