တနင်္သာရီတိုင်းတွင် တစ်လလျှင် ရှစ်ဦးနှုန်းသတ်သေ

0
493

တနင်္သာရီတိုင်းအတွင်း ၂၀၁၈ ခုနှစ်က တစ်လလျှင်ပျမ်းမျှ လူရှစ်ဦးနှုန်း သတ်သေခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး စာရင်းများအရ သိရသည်။
၂၀၁၈ ခုနှစ် တစ်နှစ်လုံးတွင် ကြိုးဆွဲချသတ်သေသူ ၈၇ ဦး၊ အဆိပ်သောက် သတ်သေသူ ၆ ဦးနှင့် မိမိကိုယ်ကို ဓားဖြင့်ထိုးသူ ၂ ဦး ရှိသည်။
မိမိကိုယ်ကို သတ်သေသည့်ရသည့် အကြောင်းရင်းအမျိုးမျိုးရှိပြီး အရက်အလွန်အကျွံသောက်ခြင်း၊ မူးယစ်ဆေး သုံးစွဲခြင်း၊ မိသားစုပြဿနာရှိခြင်း အစရှိသည့် အချက်များကြောင့်ဖြစ်ကြောင်း ထားဝယ်ဆေးရုံကြီးမှ စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး ဒေါက်တာဆုမြတ်ရတနာက ဆိုသည်။

အထက်ပါ ပြဿနာများနှင့်အတူ စိတ်ကျရောဂါဖြစ်ကာ ထွက်ပေါက်ရှာသည့်အနေဖြင့် သတ်သေမှုများလည်းရှိaကြာင်း ၎င်းက ပြောသည်။
“သတ်သေရတဲ့ အကြောင်းအရင်းကို တိတိကျကျပြောဖို့ခက်တယ်”ဟု ဒေါက်တာဆုမြတ်ရတနာက ဆိုသည်။
တိုင်းအတွင်း ၂၀၁၇ ခုနှစ်တွင် သတ်သေသည့် အရေအတွက်မှာ ၉၉ ဦး ရှိခဲ့သည်။
အဆိုပါ သတ်သေမှုများအနက် အမျိုးသားများသတ်သေမှုက ရာခိုင်နှုန်းပိုများသည်။

 

ကိုဇော်