တနင်္သာရီတိုင်းသဘာဝဘေးရန်ပုံငွေ ကျပ်သန်းနှစ်ရာကျော် လျှော့ချ

0
506

တနင်္သာရီတိုင်းအတွင်း ယခုနှစ်အတွက် လေဘေး၊ ရေဘေးနှင့် မီးဘေးကဲ့သို့ သဘာဝဘေးရန်ပုံငွေထားရှိမှုမှာ ယခင်ဘဏ္ဍာနှစ်ထက် ကျပ်သန်း နှစ်ရာကျော် လျှော့ချခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က တိုင်းအစိုးရအဖွဲ့၏ သဘာဘေးရန်ပုံ ငွေကျပ်သန်းတစ်ထောင်ထားရှိပြီး ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၇၈၉ ဒဿမ ၀၉၄ သန်း ထားရှိသည်။
တိုင်းအတွင်း သဘာဝဘေး ကြီးကြီးမားမား ဖြစ်ပွားခြင်းမရှိဘဲ ရေဘေးကြုံ တွေ့မှုသာ ရှိခဲ့သည့်အတွက် ယခုဘဏ္ဍာ နှစ်တွင် ရန်ပုံငွေကို လျှော့ချခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းက ဆိုသည်။
“လျာထားချက်ကများပြီး (သဘာဝဘးက)နည်းနေတဲ့အတွက် နှစ်ရာကျော်လောက် ထပ်လျှော့တဲ့သဘောပေါ့”ဟု ဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောသည်။
ပြီးခဲ့သည့်နှစ်က နှစ်လနီးပါးကြာ မြင့်ခဲ့သည့် တနင်္သာရီရေဘေးတွင် အလှူ ရှင်များ၏ အလှူငွေနှင့် တိုင်းအစိုးရရန်ပုံငွေ ပေါင်းကာ ထောက်ပံ့ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။
သဘာဝဘေးကြောင့် ရေကြီးခြင်း၊ တံတားကျိုးခြင်း၊ အိမ်ပျက်စီးခြင်းများကို တိုင်းအစိုးရ၏ သဘာဝဘေးရန်ပုံငွေဖြင့် ပြန်လည်ဆောက်လုပ်ကြောင်း ဦးဖြိုးဝင်းထွန်းက ပြောသည်။
သဘာဝဘေးဖြစ်ပွားမှုများပြားပြီး တိုင်းအစိုးရအဖွဲ့၏ သဘာဝဘေးရန်ပုံငွေ မလုံလောက်ပါက ပြည်ထောင်စုအစိုးရထံ ထပ်မံတောင်းခံနိုင်ကြောင်း ၎င်းက ဆိုသည်။
မြို့ပြဒေသများနှင့် ကျေးလက်ဒေသ များတွင် သဘာဝဘေးကြောင့် လမ်းပျက်စီး ခြင်း၊ တံတားကျိုးခြင်းများ ဖြစ်ပေါ်ပါက တိုင်းအစိုးရထံတင်ပြပြီး သဘောတူခွင့် ပြုပါက အထက်ပါရန်ပုံငွေမှ အရေးပေါ် ထုတ်ယူသုံးစွဲနိုင်ကြောင်း ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးနေလင်းထက်က ဆိုသည်။
ယခုနှစ် ဇန်န၀ါရီလ ၁၇ ရက်က ကျင်းပခဲ့သည့် ရသုံးမှန်းခြေငွေစာရင်း ဆိုင်ရာ အချက်အလက်များစာစောင် မိတ်ဆက်ရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။

ကိုဇော်