စင်ခွန်းနယ်စပ်တွင် မြန်မာ- ထိုင်း  ချစ်ကြည်ရေး ဆွမ်းဆန်စိမ်းလောင်းလှူ

0
553

၂၀၁၉ ခုနှစ် နှစ်သစ်ကူးနေ့ဖြစ်သည့် ဇန်န၀ါရီလ ၁ ရက်နေ့တွင်  ထိုင်း-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ် သံဃာတော် အပါးရေ ၃၀၀ ပါးအား ဆွမ်းဆန်စိမ်းများ လောင်းလှူပွဲကို စင်ခွန်းနယ်စပ်ဂိတ်တွင် ပြုလုပ်ခဲ့သည်။

စင်ခွန်းနယ်စပ်ဂိတ်သည် တနင်္သာရီ မြို့နယ်၊ မောတောင်နယ်စပ်၏ ထိစပ်နေ သည့် ထိုင်းနိုင်ငံ နယ်စပ်ဖြစ်သည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မြန်မာနိုင်ငံဘက်မှ သံဃာ အပါး ၁၀၀ ကြွရောက်ခဲ့ကြောင်း ချစ်ကြည်ရေးဆွမ်း လောင်းအသင်းထံမှ သိရသည်။

 

မြင့်မိုရ်(မြိတ်)