ထားဝယ်မြို့နယ် ယကက ရွေးပွဲ ရက်ရွှေ့

0
545

ထားဝယ်မြို့နယ် ပုဂ်္ဂလိကယာဉ်များ ပြေးဆွဲရေး လုပ်ငန်းထိန်းသိမ်းကြီးကြပ် ရေးကော်မတီ (ယကက) ရွေးချယ်ပွဲကို ယခင်က ဒီဇင်ဘာလတွင် ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ၂၀၁၉ ခုနှစ် ဇန်န၀ါရီ လ ဒုတိယအပတ်သို့ ရွှေ့ထားကြောင်း ယင်းကော်မတီရွေးချယ်မှု ကြီးကြပ်ရေး အဖွဲ့နှင့် အရွေးချယ်ခံမည့်သူအချို့ထံမှသိရသည်။

ကနဦးက ယင်းကော်မတီကို ဒီဇင်ဘာ လ ၁၉ ရက်တွင် ရွေးချယ်မည်ဟုသိရသဖြင့် အရွေးချယ်ခံမည့် သူ ၁၈ ဦး၏ အမည်စာ ရင်းကို ကြီးကြပ်ရေးအဖွဲ့ထံ တင်ပြထားခဲ့ ကြောင်း ယင်းကော်မတီတွင် ၀င်အရွေးချယ် ခံမည့် ဦးချိုသိဏ်းက ပြောသည်။

သို့သော် အရွေးခံမည့် ၁၈ ဦးအနက် ၈ ဦးမှာ တနင်္သာရီတိုင်းလိပ်စာပေါက် အငှားယာဉ်ပိုင်ဆိုင်သူ ဖြစ်ရမည်ဆိုသည့် အရည်အချင်းသတ်မှတ်ချက်နှင့် ကိုက်ညီ ခြင်းမရှိသဖြင့် ကြီးကြပ်ရေးအဖွဲ့က ပယ်ချ ထားခဲ့ကြောင်း ဦးချိုသိဏ်းက ပြောသည်။

နောက်ပိုင်းတွင် ကြီးကြပ်ရေးအဖွဲ့က ယင်းပယ်ချထားသူများ ပြန်လည်အရွေး ချယ်ခံနိုင်ရန်အတွက် ယကက ရွေးပွဲကို ဇန်န၀ါရီလ ဒုတိယအပတ်သို့ ပြောင်းလဲ သတ်မှတ်ခဲ့ကြောင်း ၎င်းင်းကပြောသည်။

“သူတို့(ကြီးကြပ်ရေးအဖွဲ့) က ပါစေ ချင်တဲ့သူတွေ မပါရလို့ ရက်ရွှေ့နေတယ် လို့ ထင်တယ်”ဟု ဦးချိုသိဏ်းက ဆိုသည်။

ယင်းကဲ့သို့ရက်ရွှေ့ခြင်းကို ယာဉ်ပိုင် ရှင်များအားလုံးနှင့် ညှိနှိုင်းလုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပုဂ်္ဂလိကယာဉ်များ ပြေးဆွဲ ရေးလုပ်ငန်းထိန်းသိမ်းကြီးကြပ်ရေး ကော်မတီရွေးချယ်ပွဲ ကြီးကြပ်ရေးအဖွဲ့ ဥက်္ကဋ္ဌ ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောသည်။

“ဘယ်သူပဲတာဝန် ထမ်းဆောင် ထမ်းဆောင် အများအတွက် အလုပ်လုပ်မယ့် သူပဲ ကော်မတီမှာ ပါစေချင်တယ်” ဟု ဦးအောင်စိုးမိုးက ဆိုသည်။

ယင်းကော်မတီတွင် ၀င်ရောက်ရွေး ချယ်ခံမည့်သူများသည် တနင်္သာရီတိုင်း လိပ်စာပေါက် အငှားယာဉ်ပိုင်ဆိုင်သူ ဖြစ်ခြင်း၊ ကော်မတီလုပ်ငန်းများကို အချိန် ပြည့် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ခြင်း စသဖြင့် စည်းကမ်းချက် ၇ ချက်နှင့် ကိုက် ညီရမည်ဖြစ်သည်။

ယင်းစည်းကမ်းချက်နှင့်ကိုက်ညီသူ များသည် ကော်မတီအလုပ်အမှုဆောင် ရွေးချယ်ပွဲဝင်ရောက်နိုင်မည်ဖြစ်ပြီး ၀င် ရောက်အရွေးချယ်ခံသူများအနက်မှ ၈ ဦး ကို ယာဉ်ပိုင်ရှင်များက ဆန်္ဒမဲဖြင့် ရွေးချယ် မည်ဖြစ်သည်။

အလုပ်အမှုဆောင် ၈ ဦးကိုရွေးချယ် ပြီးပါက ကော်မတီ ဥက်္ကဋ္ဌ၊ အတွင်းရေးမှူး စသည့် ရာထူးများကို ယာဉ်ပိုင်ရှင်များ ရွေးချယ်ထားသည့်  အလုပ်အမှုဆောင်များ အချင်းအချင်း အပြန်အလှန် မဲစနစ်ဖြင့် ထပ်မံရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

Dawei Watch