ပထမဆုံးအကြိမ် တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကျင်းပမည်

0
559

တနင်္သာရီတိုင်းတွင် ပထမဆုံး အကြိမ် တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပနိုင်ရန် စီစဉ်နေ ကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။

ယင်းအားကစားပြိုင်ပွဲကို ထားဝယ်ခရိုင် တက္ကသိုလ်၊ ကောလိပ် လေးကျောင်း၊ မြိတ်ခရိုင် တက္ကသိုလ် သုံးကျောင်း အုပ်စုပတ် လည်စနစ်ဖြင့် သက်ဆိုင်ရာ ခရိုင်အလိုက် ကျင်းပမည်ဖြစ်ကြောင်း အထက်ပါဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

အုပ်စုပတ်လည်စနစ်ဖြင့် ပြိုင်ပွဲ ကျင်းပပြီး ခရိုင်တစ်ခုမှ အမှတ်များဆုံး အသင်းနှစ်သင်းစီ နောက်ဆုံးလေးသင်း အဆင့်ပြိုင်ပွဲကို တက်ရောက်ယှဉ်ပြိုင်ရ မည် ဖြစ်ကာ ယင်းပြိုင်ပွဲကို ထာဝယ်မြို့တွင် ကျင်းပမည်ဖြစ်သည်။

“ဒီပြိုင်ပွဲမှာ အဓိက ရည်ရွယ်တာက တက်္ကသိုလ် ဇုန်အလိုက် ဘောလုံးပြိုင်ပွဲတွေ မှာ တို့တိုင်းက တက်္ကသိုလ်ကျောင်းသား တွေ အားလုံး ပါဝင်နိုင်လာအောင် လုပ်ဖို့ ပါ”ဟု ဦးစိုးမိုးနိုင်က ဆိုသည်။

ယခင်ကမူ တက္ကသိုလ် တစ်ခုချင်းစီ အလိုက်သာ ဘောလုံးပြိုင်ပွဲများ ပြုလုပ်ပြီး တက္ကသိုလ် ဇုန်အလိုက် ဘောလုံးပြိုင်ပွဲများ ၀င်ပြိုင်လျက် ရှိသည်။

ယင်းဘောလုံးပြိုင်ပွဲတွင် မူးယစ်ဆေးဝါး ဆန့်ကျင်ရေး လှုပ်ရှားမှုများကိုပါ ထည့်သွင်းလုပ်ဆောင်ရန်လည်း ရည်ရွယ် ထားကြောင်း တက်္ကသိုလ်၊ ကောလိပ်ပေါင်း စုံ ဘောလုံးပြိုင်ပွဲဖြစ်မြောက်ရေး ကြိုးပမ်း နေသူတစ်ဦးဖြစ်သည့် နည်းပညာ တက်္ကသိုလ် (ထားဝယ်) နောက်ဆုံးနှစ် ကျောင်းသား ကိုဇင်မောင်ဖြိုးက ပြော သည်။

တနင်္သာရီတိုင်းတွင် တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကျင်းပနိုင်ရန်အတွက် တိုင်းအတွင်းမှ ကျောင်း သားများ သမဂ္ဂအဖွဲ့များက တိုင်းလူမှုရေး နှင့် စည်ပင်သာယာရေးဝန်ကြီးထံ ယမန် နှစ်ကတည်းက တောင်းဆိုခဲ့ဖူးသည်။

တနင်္သာရီတိုင်းတွင် ထားဝယ် တက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (ထားဝယ်)၊ ကွန်ပျူတာတက္ကသိုလ် (ထားဝယ်)၊ ထားဝယ်ပညာရေးကောလိပ်၊ မြိတ်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မြိတ်)၊ ကွန်ပျူတာတက္ကသိုလ်(မြိတ်) စုစုပေါင်း တက္ကသိုလ်၊ ကောလိပ် ခုနစ်ကျောင်း ရှိသည်။

 

 

                               Dawei Watch