ကော်ဖီမစ်တွင် မဲပေါက်သည်ဟု မက်လုံးပေးကာ အိမ်သုံးပစ္စည်းများ လိမ်ရောင်း

0
553

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် ကော်ဖီမစ်တွင် မဲပေါက်သည်ဟု မက် လုံးပေးကာ အိမ်သုံးပစ္စည်းများကို လိမ် လည်ပြီး ကားဖြင့် လိုက်လံရောင်းချလျက် ရှိကြောင်း ကံပေါက်ကျေးရွာ အုပ်ချုပ် ရေးအဖွဲ့ဝင် ဦးကျော်ဇေယျာစိုးက ပြော သည်။
ဩဂုတ်လ ၂၃ ရက်က ကံပေါက် ကျေးရွာနှင့် အနီးတစ်ဝိုက်ကျေးရွာများ တွင် ကော်ဖီမစ်ငါးထုပ်ကို ကျပ်တစ်ရာ ဖြင့် ဝယ်ယူပါက မြက်ရိတ်စက်၊ ထမင်း ပေါင်းအိုး၊ ရေခဲသတ္တာ စသည့် အိမ်သုံး ပစ္စည်းများကို မဲဖောက်ပေးမည်ဟု ပြော ဆိုကာ လာရောက် ရောင်းချနေခြင်း ကြောင်း ၎င်းက ပြောသည်။

မဲပေါက်ပါက ပေါက်သည့်ပစ္စည်း မည်သည့်ပစ္စည်းမဆို တစ်ခုလျှင် ကိုး သောင်းကျပ်ဖြင့် မဖြစ်မနေဝယ်ယူရမည် ဟု လာရောင်းသူများက ပြောဆိုကြောင်း ဦးကျော်ဇေယျာစိုးက ပြောသည်။
ယင်းသို့ အတင်းထိုးရောင်းနေ သည့်အကြောင်းကို ကော်ဖီမစ်ဝယ်ယူ ခဲ့သည့် လူငယ်နှစ်ဦးက လာရောက်တိုင် တန်းသည့်အတွက် ကော်ဖီမစ်ရောင်းသူ များကို သွားရောက်မေးမြန်းခဲ့ရာ ကား မောင်းထွက်ပြေးသွားခဲ့ကြောင်း ၎င်းက ဆိုသည်။
“ပေါ်တင်လိမ်ပြီးရောင်းတာဗျ။ တကယ်တမ်း သူ့ဖက်က ရိုးရိုးသား သား ရောင်းတာဆိုရင် ဘာပစ္စည်းရောင်း တယ်ဆိုတာ ပြောပြရမယ်။ တရားဝင် ရောင်းနေတာဆိုရင် ကားမောင်းပြေးစရာ ကိုမလိုဘူး”ဟု ၎င်းက ဆိုသည်။
မဲဖောက်ပေးမည်ဟုသာ ကြိုတင် ပြောဆိုပြီး မဲပေါက်သည့်ပစ္စည်းကို မဖြစ်မနေဝယ်ယူရမည်ကို ကြိုတင်မရှင်း ပြဘဲ ရောင်းချခြင်းဖြစ်ကြောင်း ဦးကျော် ဇေယျာစိုးက ဆိုသည်။

ယမန်နှစ်ကလည်း အပြင်ဈေးကွက် တွင် ကျပ်သုံးသောင်းခန့်သာ တန်ဖိုးရှိ သည့် ပစ္စည်းကို ရှစ်သောင်းကျပ်နှုန်းဖြင့် မဖြစ်မနေ အတင်းထိုးရောင်းသဖြင့် ပစ္စည်းငါးမျိုး ဝယ်ယူလိုက်ရကြောင်း ကံပေါက်ကျေးရွာသူ မမီးမီးက ပြော သည်။
“ကျွန်မတို့သားအမိနှစ်ယောက် ပစ္စည်းငါးခု မဲပေါက်တယ်ဆိုတော့ လေး သိန်းဖို့ဝယ်လိုက်ရတယ်။ ကျွန်မမှာ လည်း ပေးဖို့ပိုက်ဆံမရှိလို့ ရွှေငါးမူးသား ရောင်းပြီးဆပ်လိုက်ရတယ်” ဟု မမီးမီး က ဆိုသည်။
ယင်းကော်ဖီမစ်များကို ဝယ်ယူ ပါက ကား၊ ဆိုင်ကယ်၊ တီဗီ စသည့် ဈေးကြီးသည့်ပစ္စည်းများပါ မဲပေါက် ကြောင်း ပြောဆိုနေသော်လည်း ကား ပေါ်ပါလာသည့်ပစ္စည်းများမှာ အပြင် ဈေးကွက်တွင် ကျပ်လေးသောင်းခန့်သာ တန်ဖိုးရှိသည့် ပစ္စည်းများသာရှိကြောင်း ဦးကျော်ဇေယျာစိုးက ပြောသည်။

ယမန်နှစ်က လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့တွင် ယင်းကဲ့သို့ လိမ် လည် ရောင်းချနေမှုများ ဖြစ်ပွားခဲ့ဖူး သည်။