ကော့သောင်းတွင် ဆယ်ကျော်သက်သုံးဦး ဖောက်ထွင်းခိုးယူမှု ကျူးလွန်

0
424

ကော့သောင်းမြို့နယ်၊ ရွှေဟင်္သာ ရပ်ကွက်၊ ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်းအိမ်ယာတွင် ဇွန်လ ၉ ရက် ညက ဖောက်ထွင်း အခိုးခံရမှုဖြစ်ပွား ခဲ့ကြောင်း ကော့သောင်းမြို့မ ရဲစခန်း ထံမှ သိရသည်။
ဝန်ထမ်းအိမ်ယာ၏ ဒုဦးစီး လိုင်း ခန်းအတွင်းမှ ငွေကျပ် ၁၇ သိန်းကျော်နှင့် ရွှေထည်ပစ္စည်း ၈မျိုးကို ခိုးယူခံခဲ့ရ သည်ဟု အထက်ပါ ရဲစခန်းမှ ဆိုသည်။

ဖောက်ထွင်းခိုးယူသူများမှာ အသက် ၁၅နှစ်အရွယ် ဆယ်ကျော်သက် ၃ဦးဖြစ်ပြီး ဇွန်လ ၁၀ရက်တွင် ၎င်းတို့ ၃ဦးအား လက်ရဖမ်းဆီးနိုင်ခဲ့သည်ဟု အထက်ပါ ရဲစခန်းမှ ဒုရဲအုပ်က ဆို သည်။
ခိုးယူသွားသည့်ပစ္စည်းများကို နတ်စင်အောက်တွင် ဝှက်ထားကြောင်း လိုက်လံပြသခဲ့သည့်အတွက် သက်သေ များနှင့်အတူ ရှာဖွေတွေ့ရှိ သိမ်းဆည်း ခဲ့သည်ဟု ၎င်းက ဆိုသည်။

ခိုးယူခဲ့သည့် ကလေး ၃ ဦးကို အိမ်ရှင်၏ တိုင်တန်းချက်အရ ရာဇ သတ်ကြီးပုဒ်မ ၃၈၀ဖြင့် ကော့သောင်း မြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ကော့သောင်းမြို့မ ရဲစခန်းထံမှ သိရ သည်။