တိုင်းအတွင်း အထက်တန်းပြ ၃၀ဝ ကျော်လစ်လပ်၊ မြိတ်နှင့်ကျွန်းစုတွင် အများဆုံး

0
407

တိုင်းအတွင်း အထက်တန်းပြဆရာ၊ ဆရာမဦးရေ ၃၀ဝ ကျော် လစ်လပ်နေ ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။ အထက်တန်းကျောင်းနှင့် အထက် တန်းကျောင်းခွဲ အသီးသီးတွင် အထက် တန်းပြဆရာ ၂၁၄ ဦးလစ်လပ် နေပြီး လက်ရှိ ပညာသင်နှစ်အတွင်း အဆင့်တိုး လိုက်သည့် ကျောင်းများတွင် ၁၂၀ ဦး လစ်လပ်နေကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ဆိုသည်။ မြို့နယ်အားလုံးအနက် မြိတ်နှင့် ကျွန်းစုတွင် လစ်လပ်မှုအများဆုံးဖြစ်ပြီး မြိတ်တွင် ၆၀ ဦးနှင့် ကျွန်းစုတွင် ၅၂ ဦး လစ်လပ်လျက် ရှိသည်။ လက်ရှိအချိန်ထိ လစ်လပ်နေသည့် အထက်တန်းပြဆရာများ ခန့်ထားရန် ညွှန်ကြားလာခြင်း မရှိသေးကြောင်း ၄င်းက ပြောသည်။ “ဆယ်တန်းတွေ အောင်ချက် ကောင်းဖို့ ဆရာအင်အားပြည့်ဖို့ လိုအပ် တယ်”ဟု တိုင်းပညာရေးမှူး ဒေါ်မြင့်စိန် က ဆိုသည်။ အဆင့်တိုးကျောင်းများတွင် လစ်လပ်နေသည့် ဆရာ၊ ဆရာမ နေရာ များကို အချိန်သုံးနှစ်အတွင်း ခန့်ထားရ မည့် မူဝါဒရှိကြောင်း ၄င်းက ပြောသည်။ လက်ရှိ အထက်တန်းပြဆရာ၊ ဆရာမ လစ်လပ်နေသည့်ကျောင်းများ တွင် အလယ်တန်းပြဆရာက အထက် တန်းတွင် တက်ရောက်သင်ကြားစေခြင်း၊ သင်ကြားရေး အတွေ့အကြုံရှိသည့် အထက်တန်းပြဆရာများကို လစ်လပ် နေသည့်ကျောင်းတွင် အခါအားလျော်စွာ သွားရောက် သင်ကြားစေခြင်းနှင့် ရပ်ရွာထဲ ဘွဲ့ရပြီးသူများကို ရပ်ရွာခန့် အဖြစ် ခန့်အပ်ပြီး သင်ကြားစေခြင်းများ လုပ်ဆောင်နေကြောင်း ဒေါ်မြင့်စိန်က ရှင်းပြသည်။ အထက်တန်းပြဆရာအဖြစ် B.Ed ဘွဲ့ရ၊ B.Ed ဘွဲ့ ဒုတိယနှစ်တက်ဆဲနှင့် မဟာဘွဲ့ရရှိသူများကိုသာ ခန့်အပ်နေ ကြောင်း အထက်ပါဌာနထံမှ သိရသည်။
မြို့နယ်အလိုက် အထက်တန်းပြ ဆရာ၊ ဆရာမလစ်လပ်မှု စာရင်း

မြို့နယ် ဆရာဦးရေ
ထားဝယ် ၁၂
ရေဖြူ ၃၆
လောင်းလုံး ၇
သရက်ချောင်း ၁၂
မြိတ် ၆၀
ကျွန်းစု ၅၂
ပုလော ၈
တနင်္သာရီ ၂၉
ကော့သောင်း ၅၀
ဘုတ်ပြင်း ၄၈