ကောလာဟလသတင်းများ ချေဖျက်ရန် ဖေ့စ်ဘွတ် စာမျက်နှာများ ဖွင့်မည်

0
531

တိုင်းအတွင်း ခိုးဝင်ဘင်္ဂါလီဝင် ရောက်မှုများ ရှိသည်ဟူသည့် ကောလာဟလ သတင်းများကို ရှင်းလင်းချေဖျက်ရန် ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာ များကို ခရိုင်သုံးခုအတွက် ဖွင့်သွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးထံမှ သိရသည်။
ကောလာဟလများ ထွက်ပေါ် လာချိန်တွင် အစိုးရအဖွဲ့၊ ရဲတပ်ဖွဲ့နှင့် ဘာသာပေါင်းစုံအဖွဲ့ အစရှိသည့် အဖွဲ့ အစည်း အသီးသီးကရရှိလာသည့် သတင်းများဖြင့် အမှားအမှန် အတည်ပြု ကာ အဆိုပါ Facebook Page များ တွင် အမြန်ဆုံး တင်ပြသွားမည်ဖြစ် ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးက ဆိုသည်။

“မှန်တဲ့ဟာဆို မှန်တဲ့အကြောင်းနဲ့ မှား တဲ့ဟာဆို မှားတဲ့အကြောင်း တင် ပေးမှာပါ”ဟု တိုင်းအစိုးရအဖွဲ့ရုံး ညွှန်ကြား ရေးမှူး ဦးသိန်းအောင်က ဆိုသည်။
စက်တင်ဘာလ ၉ရက်က မြိတ်ခရိုင် ဘာသာပေါင်းစုံ ညီညွတ်ရေးနှင့် သတင်း အမှန် ထုတ်ပြန်ရေးအဖွဲ့အမည်ဖြင့် မြိတ်ခရိုင်တွင် လူမှုကွန်ရက် Facebook Page တစ်ခုဖွင့်ခဲ့ပြီး ထားဝယ်ခရိုင်နှင့် ကော့သောင်းခရိုင်တွင်လည်း အလားတူ ဖွင့်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ကောလာဟလသတင်းများ စတင် ပျံ့နှံ့ စဉ်ကပင် ယင်းကဲ့သို့ လုပ်ဆောင် သင့်ပြီး လက်ရှိအချိန်တွင်လည်း သတင်း အမှန်၊ အမှားကို ချက်ချင်းအတည်ပြုကာ တင်ပေးမည်ဆိုပါက ပြည်သူများ ကြောက် စရာလိုမည် မဟုတ်တော့ကြောင်း လူမှု ကွန်ရက် အမြဲတမ်းသုံးလေ့ရှိသူ ထားဝယ် မြို့နေ ကိုဟိန်းအာကာက ဆိုသည်။
“ကောလာဟလနဲ့ ပတ်သက်တဲ့ သတင်းကို အမြဲတင်ပေးနေဖို့တော့ လို မယ်”ဟု ၎င်းက အကြံပြုသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်း ဖက် ဖြစ်စဉ်များ စတင်ဖြစ်ပွားပြီးနောက် ပိုင်းတွင် တနင်္သာရီတိုင်းအတွင်း ဘင်္ဂါလီ များ ဝင်ရောက်လာသည်ဟူသည့် ကောလာ ဟလများ မကြာခဏ ထွက်ပေါ်လျက် ရှိသည်။