ဇင်းကျိုက် ကျောက်ထုတ်စခန်းရှိ အကျဉ်းသား ၂ ဦးတွင် မူးယစ်ဆေးဝါးများ ဖမ်းမိ

0
519

မွန်ပြည်နယ် ပေါင်မြို့နယ် အကျဉ်းဦးစီးဌာန ဇင်းကျိုက် ကျောက် ထုတ်စခန်းရှိ အကျဉ်းသား၂ ဦးထံတွင် မူးယစ်ဆေးဝါများ ဖမ်းဆီးရမိခဲ့သည်ဟု ဇင်းကျိုက်နယ်မြေ ရဲစခန်းထံမှ သိရ သည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက အကျဉ်းဦးစီး တာဝန်ရှိသူများက အကျဉ်းသား အိပ် ဆောင်များအား စစ်ဆေးခဲ့ရာ လူသတ် မှုဖြင့် ထောင်ဒဏ် ၁၀ နှစ် ကျခံနေရသော တရားခံတစ်ဦး၏ အိပ်ရာကြမ်းခင်း သစ်ပြားအောက်တွင် ပန်းရောင် စိတ် ကြွဆေး ပြား ၇၆ ပြားနှင့် အစိမ်းရောင် စိတ်ကြွဆေးပြား ၂ ပြားတို့ကို စစ်ဆေး တွေ့ရှိခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရ သည်။

ထိုအတူမုဒိန်းမှုဖြင့် ထောင်ဒဏ် ၁၀နှစ် ကျခံနေရသည့် တရားခံ တစ်ဦး ၏ အိပ်ရာကြမ်းခင်း သစ်ပြားအောက် တွင်လည်း ဆေးခြောက် အလေးချိန် ၃၀ ဂရမ်ခန့် စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ် သည်။
“တရားခံတွေကတော့ သူ့တို့အိပ် ရာအောက်မှာတွေ့တဲ့ ပစ္စည်းတွေက သူ့တို့ ပစ္စည်းမဟုတ်ဘူးလို့ ငြင်းတယ်၊ ကျွန်တော်တို့ ဆက်လက် စစ်ဆေးနေ တုန်းပဲ”ဟု ဇင်းကျိုက်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်အောင်မင်းထွန်းက ပြော သည်။

လက်ရှိတွင် အကျဉ်းသား ၂ ဦးကို ပေါင်မြို့မရဲစခန်းတွင် ဖမ်းချုပ်ထားပြီး စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင် သွားမည်ဟုလည်း ရဲအုပ်အောင်မင်းထွန်း က ဆက်ပြောသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ အကျဉ်း သား ၂ ဦးကို ပေါင်မြို့မရဲစခန်းတွင် မူးယစ်ဥပဒေပုဒ်မများဖြင့် အမှုဖွင့် အရေးယူထားသည်။