ရန်ကုန် လုယက်မှုသုံး သေနတ်ကို ထားဝယ်မြို့နေသူက ဝယ်ပေးဟုဆို

0
388

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်ရှိ ငွေလဲကောင်တာတွင် သေနတ်ပစ် ဖောက်ကာ လုယက်ခဲ့သည့်အမှုတွင် အသုံးပြုသည့် သေနတ်ကို ထားဝယ်မြို့ တွင် နေထိုင်သည့် အမျိုးသားနှစ်ဦးက ဝယ်ပေးခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

ဩဂုတ်လ ၅ ရက်က ရန်ကုန် တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ကိုးမိုင် အိုးရှင်းစင်တာရှေ့ရှိ ငွေလဲကောင်တာ တွင် အသံတိတ် ကိရိယာတပ်ထားသည့် သေနတ်ပစ်ဖောက်ကာ လုယက်ရန် ကြိုးပမ်းခဲ့သည့် အမျိုးသားနှစ်ဦးကို စစ်ဆေးရာမှ သေနတ်ကို ထားဝယ်မြို့ နေ အမျိုးသားတစ်ဦးက ဝယ်ပေးခဲ့သည် ဟု ထွက်ဆိုခဲ့ကြောင်း တနင်္သာရီတိုင်း ရဲတပ်ဖွဲ့၏ မှတ်တမ်းအရ သိရသည်။

ဂျာမဏီနိုင်ငံလုပ်WAITHER 32 ပစ္စတိုသေနတ်နှင့် ကျည် ၁၄ တောင့် ကို ထိုင်းဘတ်ငွေ ၃၂၀၀၀ (ကျပ်ငွေ ၁၃ သိန်းကျော်) ဖြင့် ညောင်ရမ်းတောင် ရပ်ကွက်၊ မေတ္တာလမ်းနေ အသက် ၂၇ နှစ်အရွယ် အမျိုးသားက ဝယ်ပေးခဲ့ ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
စစ်ဆေးပေါ်ပေါက်ချက်အရ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က အကြောင်း ကြားသဖြင့် စက်တင်ဘာလ ၅ ရက်နေ့ တွင် ညောင်ရမ်းတောင် ရပ်ကွက်ရှိ အဆိုပါ အမျိုးသား၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ လက်နက်နှင့် ပတ် သက်သည့် ပစ္စည်းတစ်စုံတစ်ရာ မတွေ့ ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ညောင်ရမ်းတောင်ရပ်ကွက်၊ မေတ္တာလမ်းနေ အသက် ၂၇ နှစ်အရွယ် အမျိုးသား ထွက်ဆိုချက်အရ အမှုတွင် ပါဝင်နေသည့် ၎င်း၏ဦးလေးတော်စပ်သူ ထိန်သစ်ရပ်ကွက်နေ အသက် ၃၆ နှစ်အရွယ် အမျိုးသားကိုပါ ဖမ်းမိခဲ့ ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။
“ဖမ်းမိသူတွေကို ဒီနေ့မှာပဲ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ကို လွှဲလိုက် ပါပြီ”ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ပြောသည်။
သေနတ်ကို မည်သူ့ထံမှ ဝယ်ယူ ခဲ့သည်ကိုမူ တိုက်ဆိုင်စစ်ဆေးပြီးမှသာ သိနိုင်မည်ဖြစ်ပြီး အသေးစိတ်ကိုမူ မထုတ်ပြန်သေးပေ။

ဩဂုတ်လ ၅ ရက်နေ့ နံနက် ပိုင်းက Farmer Money Changer သို့ နှာခေါင်းစည်းတပ်အမျိုးသားနှစ်ဦး ရောက်လာပြီး ၎င်းတို့၏ အမေရိ ကန်ဒေါ်လာ ၃၀ကို မြန်မာငွေနှင့် လဲလှယ်နေစဉ် သေနတ်ထုတ်ပြကာ ငွေလဲကောင်တာ တံခါးဖွင့်ပေးရန် ပြောသည်ကို ဝန်ထမ်းက ဆိုင်အတွင်း ဝင်ပြေးခဲ့ခြင်းကြောင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဘုရားပန်းချီကားချပ်ကို ထိမှန်ခဲ့ကြောင်း စက်တင်ဘာလ ၇ ရက် နေ့ထုတ် The Voice နေ့စဉ် သတင်း စာတွင် ဖော်ပြထားသည်။