ဆီဂိမ်းပြိုင်ပွဲတွင် တနင်္သာရီ အမျိုးသမီးနှစ်ဦးပါ

0
974

မလေးရှားနိုင်ငံတွင် ကျင်းပမည့် ၂၉ ကြိမ်မြောက်ဆီဂိမ်းတွင် တနင်္သာရီ တိုင်းမှ အမျိုးသမီး ကစားသမားနှစ်ဦး ပါဝင်မည်ဖြစ်ကြောင်း တိုင်းအားကစား နှင့် ကာယပညာဦးစီးဌာနထံမှ သိရ သည်။
အဆိုပါ အမျိုးသမီးနှစ်ဦးမှာ ဘော်လီဘောနှင့် ဂျူဒို အားကစားနည်း တွင် ပါဝင်ယှဉ်ပြိုင်ရန် အပြီးသတ် ရွေး ချယ်ခံထားရပြီးဖြစ်ကြောင်း တိုင်းအား/ကာ ထံမှ သိရသည်။

“နှစ်ယောက်စလုံးက သရက်ချောင်း မြို့နယ်က အသက် ၁၇နှစ်ပဲရှိသေး တယ်”ဟု ယင်းဦးစီးဌာမှ ညွှန်ကြား ရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။
၎င်းအပြင် ဆီးဂိမ်းအတွက် ကရာ တေးကစားနည်းတွင်လည်း တနင်္သာရီမှ အမျိုးသမီးတစ်ဦး ပဏာမ လက်ရွေးစင် အဖြစ် အရွေးခံထားရကြောင်း ၎င်းက ဆိုသည်။

၂၉ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ဩဂုတ်လ ၁၄ ရက်မှ ၃၀ရက် အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယခင် စင်ကာပူဆီဂိမ်းတွင် တနင်္သာရီတိုင်းမှ အားကစားနည်း ခြောက်မျိုးတွင် ကစားသမား ခြောက်ဦး ပါဝင်ခဲ့ပြီး ဂျူဒိုအားကစားနည်းတွင် အမျိုးသမီးတစ်ဦး ရွှေတံဆိပ်ရရှိခဲ့ ကြောင်း ၎င်းက ဆိုသည်။
တိုင်းအတွင်း ထူးချွန်သည့် အား ကစားသမားအများစုမျာ အမျိုး သမီးများဖြစ်ကာ အမျိုးသား အားကစား သမားများထက် ဆုတံဆိပ် ပိုမိုရရှိအောင် စွမ်းဆောင်ပေး လေ့ရှိကြောင်း တိုင်း အား/ကာထံမှ သိရသည်။