မယင်းကြီးကမ်းခြေတွင် ရေလုပ်သားတစ်ဦး ငါးကိုက်ခံရ

0
710

ရေလုပ်သားတစ်ဦး ငါးဖမ်းနေစဉ် ငါးမန်းဟု ယူဆရသော ငါးကိုက်ခံရမှု တစ်ခု ထားဝယ်ခရိုင် ရေဖြူမြို့နယ် မယင်းကြီး ကမ်းခြေတွင် ဖြစ်ပွားခဲ့ပြီး ထားဝယ်ဆေးရုံ အရိုးအကြောကုသ ဆောင်တွင် ဆေးကုသမှုခံယူနေရ ကြောင်း ကာယကံ ရှင် ရေလုပ်သား၏ မိသားစုထံမှ သိရသည်။

ဇွန်လ ၁၉ ရက် နံနက် ၇ နာရီခန့် တွင် မယင်းကြီးကျေးရွာတွင် နေထိုင် သော ဦးစန်းရွှေသည် ကမ်းခြေနှင့် မလှမ်းမကမ်းတွင် ငါးဖမ်းပိုက် သိမ်း နေစဉ် ငါးမန်းဟုထင်ရသော ငါးကိုက် ခံရခြင်းဖြစ်ကြောင်း ကာယကံရှင်၏ ညီမဖြစ်သူ ဒေါ်လှသီးက ပြောသည်။” ပိုက်သိမ်းနေတာ တစ်လံလောက် ကျန်နေတဲ့အချိန်မှာ ကိုက်ခံရတယ်လို့ ပြောတယ်” ဟု ဒေါ်လှသီးက ပြောသည်။

အဆိုပါ ငါးအကိုက်ခံရသဖြင့် ဘယ်ဖက် ခြေဖမိုးနှင့် ခြေဖဝါးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ခြေချောင်း လေး ချောင်းတွင် စတီးချောင်းထည့် ထားရကြောင်း ၎င်းက ပြောသည်။ယခု ငါးကိုက်ခံရသောနေရာ တစ် ဝိုက်တွင် မိုးရာသီတွင် ငါးမန်းဝင်ခိုလေ့ ရှိသော်လည်း ယခုဖြစ်စဉ်မျိုး မကြားဖူး ဟု ဒေါ်လှသီးက ပြောသည်။

မယင်းကြီးကျေးရွာ ရေလုပ်သား အချို့သည် ယင်းကမ်းခြေတစ်လျှောက် တွင် လှေမပါဘဲ ငါးဖမ်း ပိုက်ဖြင့်သာ ငါးဖမ်းလေ့ရှိကြောင်း ဒေါ်လှသီးက ပြောသည်။