ထိုင်းကုမ္ပဏီနှင့် အကျိုးတူငါးဖမ်းမည့် KNU ၏ အစီအစဉ် ကန့်ကွက်ခံရ

0
421

ထိုင်းကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်း ကာ ဝါတန်း (ဝိုင်းချုပ်ငါးဖမ်းသင်္ဘော) အစီး ၅၀ ဖြင့် မြန်မာ့ ပင်လယ် ပြင်တွင် ငါးဖမ်းလုပ်ကိုင်ခွင့်ပြုရန် ကရင် အမျိုးသားအစည်းအရုံး (KNU) ၏ တောင်းဆိုမှုအား မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့်တကွ တနင်္သာရီ တိုင်းတွင်း ငါးလုပ်ငန်းအဖွဲ့တို့က ကန့် ကွက်လိုက်ကြသည်။


ဇန်နဝါရီလ ပထမပတ်က မွေးမြူ ရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ ငါး လုပ်ငန်းအဖွဲ့ချုပ်သို့ သဘောထား မှတ် ချက်တောင်းခံခြင်းအပါ် ထိုသို့ ကန့် ကွက်လိုက်ကြခြင်းဖြစ်ကြောင်း မြန်မာ နိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က ပြောသည်။
ငါးသယံဇာတများ လျော့နည်း ပြုန်းတီးလာမှုကြောင့် ၂၀၁၁ ခုနှစ်မှစ ငါးဖမ်းလှေ ထပ်တိုးလုပ်ကိုင်ခွင့် လုံးဝ ခွင့်မပြုတော့သည့်အပေါ်တွင် အခြေခံ သုံးသပ်ပြောကြားခြင်းဖြစ်ကြောင်း ဒေါက်တာ တိုးနန္ဒာတင်က ရှင်းပြသည်။
” သယံဇာတ ပြုန်းတီးစေမယ့် ဝိုင်း ချုပ်ပိုက်ဆိုတော့ ခွင့်မပြုနိုင်ဆိုတဲ့ ဟာ မျိုးလေ၊ ဒါ ပညာရှင်တွေအနေနဲ့ သုံး သပ်တာပေါ့” ဟု ဒေါက်တာ တိုးနန္ဒာ တင်က ပြောသည်။အထက်ပါ တောင်းဆိုမှုသည် ယခင် ဦးသိန်းစိန် အစိုးရလက်ထက် ကတည်းကဖြစ်ကြောင်း ငါးလုပ်ငန်း အဖွဲ့ချုပ်ဝင်များထံမှ သိရသည်။မြန်မာ့ပင်လယ်ပြင် ငါးဖမ်းလုပ် ကွက်များတွင်  over fishing ( ငါး အလွန်အကျွံ ဖမ်းဆီးသည့် အဆင့်) သို့ ရောက်ရှိနေပြီး ထပ်တိုးခွင့်ပြုမှု ရပ်နား ထားကြောင်း သိရသည်။
ယခုတောင်းဆိုမှုအား ခွင့်ပြုပါ ကလည်း ထိုင်းစီးပွားရေး လုပ်ငန်းများ သာ စီးပွားဖြစ်နိုင်ကြောင်း ထားဝယ် ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော် ကျော်သက်က ပြောသည်။ ” ငါးလုပ်ငန်းအဖွဲ့ချုပ်က လက်မခံ တာ မှန်တယ်၊ ဒီက တိုင်းတွေ ခရိုင်တွေ ကလည်း အဖွဲ့ချုပ် သဘောထားနဲ့ ထပ် တူပါပဲ”  ဟု ဦးကျော်ကျော်သက်က ဆို သည်။
မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း လုပ်ငန်း လုပ်ကိုင်သူများအသင်းကလည်း သတ်မှတ်စည်းကမ်း မလိုက်နာမှုဖြင့် ဥရောပသမဂ္ဂက ငါးဖမ်းခွင့် ပိတ်ပင် ထားသော ထိုင်းနိုင်ငံသားပိုင် ငါးဖမ်း သင်္ဘောများဖြင့် ငါးဖမ်းရန် စီစဉ်နေခြင်း အား လက်မခံနိုင်ဟု ကန့်ကွက်ထား ကြောင်း ၇ dပေ သတင်းဌာနက ဖော်ပြ သည်။KNU ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဖဒိုစောတာဒိုမှူးက မည်သည့် အချက်အလက်များဖြင့် ကန့်ကွက်ကြောင်း ဗဟိုအနေနှင့် မသိရသေးဟု 7 days သို့ ဖြေကြားသည်။

 
ယခု ငါးဖမ်းသင်္ဘော အစီး ၅၀  ခွင့်ပြု မပြုကို သက်ဆိုင်ရာ ဝန်ကြီး ဌာနမှ ဆုံးဖြတ်ရမည် ဖြစ်သည်။ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြား ရေးမှူးတစ်ဦးက အဆိုပါ ငါး ဖမ်းဆီး ခွင့်ကို KNU က တောင်းဆိုခြင်းသာ ဖြစ်ပြီး စည်းကမ်းနှင့် မညီသဖြင့် ခွင့်မပြုချင်သော်လည်း လုပ်ငန်းသဘော အရ ငါးလုပ်ငန်းအဖွဲ့ချုပ် သဘောထား ကို မေးမြန်းခြင်းဖြစ်ကြောင်း ၇ dပေ သတင်းဌာနသို့ ဖြေဆိုခဲ့သည်။

 
” ကိုယ့်နိုင်ငံ အတွက် ကန့်ကွက်နေ တာပါ၊ ဒါဖြစ်သင့်တယ်လို့ ပညာရှင် တွေက ပြောတာကို ဒါမဟုတ်ပါဘူးလို့  ငြင်းပြီး လုပ်(ခွင့်ပြု)မယ်ဆိုရင် ဒါ ကိုယ့်တိုင်းပြည် သယံဇာတ ပိုပြီးပြုန်းတီး မယ်ဆိုတာ သူတို့ သဘောပေါက်မှာပါ” ဟု ဒေါက်တာ တိုးနန္ဒာတင်က ဆို သည်။

 
ယခင်အစိုးရကလည်း ခွင့်မပြု ခဲ့သည့်အတွက် အခုလည်း ခွင့်ပြုရန် မသင့်ဟု ၎င်းက သုံးသပ်သည်။
နော်ဝေးသုတေသန ပညာရှင်များမှ ၂၀၁၃ နှင့် ၂၀၁၅ ခုနှစ်တို့တွင် သုတေ သနလုပ်ခဲ့စဉ်က (၁၉၈၀ ခုနှစ် သုတေသနစစ်တမ်းနှင့် နှိုင်းယှဉ်ပါက) ၃၅ နှစ်အတွင်း ရေပေါ်ငါးအမျိုးအစား ၉၀ ရာနှုန်း၊ ရေအောက် ငါး ၇၀ ရာနှုန်း လျှော့နည်းသွားသည်ဟု သိခဲ့ရကြောင်း ဒေါက်တာတိုးနန္ဒာတင်က ဆိုသည်။

 
ထားဝယ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်သက်က ယခု လျှောက်ထားသည့် ငါးဖမ်းသင်္ဘော ၅၀ မှာ တနင်္သာရီတိုင်း လုပ်ကွက်တွင် ငါး ဖမ်းရန် ပစ်မှတ်ထားခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။တနင်္သာရီတိုင်းအတွင်း ဧက ၆၀၀၀ ကျော်ရှိ ထီးခီး စက်မှုဇုံ စီမံကိန်း တွင်လည်း KNU ၏ ပါဝင်ပတ်သက် မှုကို အရပ်ဘက်အဖွဲ့အစည်းများက မေးခွန်း ထုတ်နေသည်။