တိုင်းလွှတ်တော် တင်ဒါအောင်စာရင်း ဒုတိအကြိမ်ထွက်ပြီ

0
443

တနင်္သာရီတိုင်းဒေသကြီး လွှတ် တော်ဆောက်လုပ်ရေး လုပ်ငန်း များအတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီအမည်စာရင်းအား ဇန်နဝါရီ ၆ ရက်တွင် ဒုတိယအကြိမ် ကြေညာ လိုက်သည်။


ပထမအကြိမ် တင်ဒါအောင်စာရင်း ဖျက်သိမ်းပြီး ၂ လကျော်အကြာတွင် ယခုကဲ့သို့ ကြေညာလိုက်ခြင်း ဖြစ် သည်။ပထမအကြိမ် တင်ဒါအောင် စာရင်းအား အောက်တိုဘာလ ၂၀ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ရာ လွှတ် တော် အသိုင်းအဝိုင်းနှင့် ဆွေမျိုး နီးစပ်သူများ၊ နှီးနွယ် ပတ်သက်သူများ တင်ဒါအောင်ခဲ့သည်ဟု ဝေဖန်သံများ ပွက်လောညံခဲ့ပြီးနောက် နောက်တစ် ပတ်ကြာ အောက်တိုဘာလ ၂၈ ရက်တွင် တင်ဒါအောင်စာရင်းကို ပယ်ဖျက် လိုက်ကြောင်း ကြေညာခဲ့သည်။

 
ယင်းသို့ ဖျက်သိမ်းပြီး ဒုတိယ အကြိမ် တင်ဒါ ပြန်ခေါ်ရာ ဝင်ပြိုင်သူ ယခင်ထက် ထက်ဝက် လျော့ကျ သွားသည်။
ယခုစာရင်းတွင် ပထမအကြိမ် တင်ဒါအောင်စာရင်းမှ ကုမ္ပဏီ ၂ ခု တင်ဒါ ပြန်အောင်သည်။